မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး မင်းသမီး ၅ယောက်ထဲမှာ ပထမနေရာမှာ ရပ်တည်ထားနိုင်သူတစ်ယောက်ပါနော်.။ ကစ်လို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေကို အများဆုံး ရိုက်ကူးနေပြီး တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီရွှေစင်ရုပ်ထုတွေကိုလည်း များစွာရရှိပိုင်ဆိုင်ထားတဲ့ သူလည်း ဖြစ်ပါတယ်။ 

Photo credit - Jason Ya
Photo credit - Jason Ya

ကစ်က ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်လို အမြဲနုပျိုလှပနေပြီး အသားအရည်လေးကလည်း ဖြူဖွေးလှပလွန်းတာကြောင့် ယောကျာ်းလေးပရိသတ်တွေသာမကပဲ မိန်းကလေး ပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပါနော်။ ဒါ့အပြင် ကစ်က လူအများအပေါ်မှာလည်း ကြင်နာနွေးထွေးမှုရှိပြီး ဖော်ဖော်ရွေရွေ ဆက်ဆံတက်တာကြောင့် အနုပညာရှင်အချင်းချင်းကပါ ချစ်ခင်နေကြတာပဲ ဖြစ်ပါတယ် ။

Photo credit - Jason Ya
Photo credit - Jason Ya

ကစ်က ယခုလက်ရှိမှာတော့ Photo shooting တွေကို ရိုးရှင်းလှပပြီး မြင်သူတကာငေးရတဲ့ ဖက်ရှင်လေးတွေနဲ့ ရိုက်ကူနေတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာ ကစ်က အလှကြီးလှနေတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ပြီး အသည်းယားနေကြမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ဝတ်မှုံရွှေရည်ရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ပရိသတ်တွေက အားပေးကြမယ်မလား...... ။

Photo credit - Jason Ya

Photo credit - Jason Ya

Source - Wutt Hmone Shwe Yi's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။