ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင်မင်းသားကြီး နေမျိုးအောင်က တစ်ခေတ်တစ်ခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားကြီးပဲဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အချစ် ၊ အလွမ်း နဲ့ အခြား ဘယ်လိုဇာတ်ကောင်တွေမဆို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ ယနေ့အချိန်ထိလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနေတုန်းပဲဖြစ်ပါတယ်။

Photo Credit - နေမျိုးအောင်
Photo Credit - နေမျိုးအောင်

ယခုနောက်ပိုင်းမှာတော့ နေမျိုးအောင်ဟာ အနုပညာအလုပ်တွေကို အရင်ကထပ် မလုပ်နိုင်တော့ပေမယ် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဘဝကိုအေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေတဲ့ သူပဲဖြစ်ပါတယ်။ အနုပညာအလုပ် အားတဲ့အချိန်တွေမှာဆို ချစ်ဇနီးလေး နဲ့ အတူ ပုဂံမှာ သူပိုင်ဆိုင်တဲ့ " နေမင်းသား " ဟိုတယ် မှာ ဦးစီးလုပ်ကိုင်သွားရောက်နေထိုင်နေတာလည်းဖြစ်ပါတယ်။

Photo Credit - နေမျိုးအောင်
Photo Credit - နေမျိုးအောင်

ယခုမှာဆိုရင်လည်း နေမျိုးအောင်က ဟိုတယ် ခြံဝန်ထဲမှာရှိတဲ့ အဖိုးတန်း သီးပင် တွေနဲ့ လှပတဲ့ ပန်းပင်တွေကို ရေလောင်း ၊ ပေါင်းတင် လုပ်နေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါနယ်။ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သီးပင် ၊ ပန်းပင်တွေကို ကြည့်ပြီး ပီတိဖြစ်နေတဲ့ နေမျိုးအောင်ရဲ့ ပုံရိပ်လေးတွေကတော့ ကြည်နူးစရာကောင်းလှပါတယ်။ Myanmarload ချစ်ပရိသတ်ကြီးရေ ခြံထဲဆင်းပြီး ဥယျာဉ်မှူး လုပ်နေတဲ့ နေမျိုးအောင်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - နေမျိုးအောင်
Photo Credit - နေမျိုးအောင်

Photo Credit - နေမျိုးအောင်

Source - နေမျိုးအောင် Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။