ပရိသတ်ကြီးရေ အဆိုတော်မလေး ပိုပိုကတော့ဂီတနယ်ပယ်မှာ ပရိသတ်တွေရဲ့ ရင်ထဲကိုထိမှန်စေတဲ့ သီချင်းတွေနဲ့ အချစ်တွေကို ချစ်ပိုက်ထားနိုင်ခဲ့တဲ့ အဆိုတော်မလေးပဲဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ခဲ့ပါတယ်။ပိုပိုကတော့ ပရိသတ်တွေနဲ့ ခံစားချက်တွေနဲ့ တိုက်ဆိုင်မယ့် သီချင်းသစ်တွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။

Photo Credit - Aung Aung Zaw(Love Space)
Photo Credit - Aung Aung Zaw(Love Space)

ဒါ့အပြင် ပိုပိုက ဂီတနယ်ပယ်မှာ ပိုမိုအောင်မြင်မှုတွေရရှိအောင်ကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ကပ်ရောဂါကြောင့် ခေတ္တရပ်နားထားခဲ့ပြီး ပရိသတ်တွေအတွက်လည်း အလွမ်းပြေအောင် ချစ်စရာပုံရိပ်လေးတွေကို နေ့စဉ်ဆိုသလို တင်ပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း ပိုပို က အရင်က ရိုက်ထားခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aung Aung Zaw(Love Space)
Photo Credit - Aung Aung Zaw(Love Space)

ဒီပုံရိပ်လေးတွေထဲမှာတော့ ရှေ့ခေတ်ကအငွေ့အသက်လေးတွေကို ပေါ်လွင်စေတဲ့ ဖက်ရှင်ဝတ်စုံလေးကိုဝတ်ကာ သူမရဲ့ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေနဲ့ ခမ်းနားထည်ဝါပြီး ဆွဲဆောင်မှုရှိတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း ပိုပို က " မင်း ရဲ့ မမ က ထက်မြတ်တဲ့ ဘုရင်မ အသက် ၃၀ ဆိုတာ မိန်းမ တစ်ယောက်ရဲ့ အတည်ငြိမ်ဆုံး အရင့်ကျက်ဆုံး အလှပဆုံး အချိန်တွေပါပဲ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ညို့အားပြင်းပြင်းနဲ့ဖမ်းစားထားတဲ့ ပိုပို ရဲ့ ပုံရိပ်လေးတွေ ချစ်ပရိသတ်တွေ သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Aung Aung Zaw(Love Space)

Source - PoPo Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။