မိတ်ကပ်ဖန်တီးရှင် ညီညီမောင် ( စမ်းချောင်း) ဟာ ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေသာမကဘဲ အနုပညာရှင်များကပါ ချစ်ခင်အားပေးနေကြတာလည်း ဖြစ်ပါတယ်။ သုသုဟာ သူမလိမ်းခြယ်ပေးတဲ့သူတိုင်းကို လှစေချင်တဲ့စိတ်လေးနဲ့လိမ်းခြယ်ပေးတာကြောင့်လည်း လူတိုင်းရဲ့ပါးစပ်ဖျားမှာနာမည်ကြီးနေသူလေးပါ။ သူမဟာ မိတ်ကပ်ဖန်တီးရှင်တစ်ယောက်ဖြစ်ရုံသာမဘဲ ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။  

Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account

သုသုဟာ အလှူအတန်းရက်ရောသူပီပီ မကြာခဏဆိုသလို ကောင်းမှုကုသိုလ်တွေ ပြုလုပ်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လူတိုင်းကလည်း သူမရဲ့လုပ်ရပ်လေးတွေကို မချီးကျူးပဲ မနေနိုင်လောက်အောင်ပါပဲ။ ဒါ့အပြင် လူတိုင်းကို ရီမောပျော်ရွှင်စေလိုတဲ့ စိတ်လေးနဲ့ အခွီဗီဒီယိုလေးတွေလည်း မကြာခဏဆိုသလို တင်ပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပုံလေးတစ်ပုံ တင်ထားတာပဲ ဖြစ်ပါတယ်။ " တခေတ်တခါ က Miss Myanmar Gay

Gay Miss ပြိုင်ပွဲ ကိုခွန်ချို မွေးနေ့ ထင်တယ် ဝင်ပြိုင်ဘူးတာ ကျမ ရဲ့ Miss ကိုယ်လုံးလေးကြည့်ပါဦးနော် ခုတော့ ပြိတ္တာ ကိုယ်လုံးဖြစ်နေပါပြီ

အရင်ခေတ်တွေ က Gay Miss ပွဲ သီးသန့်လုပ်တာ မရှိသလောက်ရှားပါတယ် မွေးနေ့ ပွဲတွေမှာ ထည့်သွင်းကျင်းပ မှသာ ပြိုင်ရတာပါ

QueenThuThu " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Nyi Nyi Maung’s Facebook Account

Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။