ပရိသတ်ကြီးရေ မင်းသမီးချောလေး နော်ဖောအယ်ထားကတော့ အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်း ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကြောင့် အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ နော်ဖောအယ်ထားကတော့ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်သလို ကြော်ငြာတွေကို လက်ခံရိုက်ကူးနေတာလည်းတွေ့ရပါတယ်။ အနုပညာလောကမှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားလုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit - Naw Phaw Eh Htar
Photo Credit - Naw Phaw Eh Htar

သူမကတော့ သွယ်လျကျစ်လျစ်တဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကို ပိုင်ဆိုင်ထားပြီး ဝင့်ဝါနေတဲ့ အသားရည်လေးကလည်း လှရက်လွန်းနေတဲ့ သူလေးပဲဖြစ်ပါတယ်။ဒါ့အပြင် ကလေးလေးတစ်ယောက်လို အမြဲတမ်းလွတ်လပ်ပေါ့ပါးစွာနေတက်သလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့်လည်း ယောကျာ်း ပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကို ခံနေရတာဖြစ်ပါတယ်။ ကပ်ရောဂါကြောင့် အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားပေးမယ့် ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် အိမ်နေရင်း ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြလေ့ရှိပါတယ်။

Photo Credit - Naw Phaw Eh Htar
Photo Credit - Naw Phaw Eh Htar

ယခုတစ်ခါမှာလည်း နော်ဖောအယ်ထား ကတော့ ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးကိုဝတ်ကာ သနပ်ခါးပါးကွက်ကြားလေးလူးပြီး ချစ်စရာအမူရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုစေအောင်လုပ်လိုက်ပြန်ပြီလည်းဖြစ်ပါတယ်။ တစ်နေ့တခြား ပိုပြီးချစ်စရာကောင်းလာသလို ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေကတော့ အသည်းယားစရာကောင်းလှပါတယ်။ကဲ...Myanmarload ပရိသတ်ကြီးရေ မြင်သူတိုင်း ချစ်အားပိုစေမယ့် နော်ဖောအယ်ထားရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Naw Phaw Eh Htar
Photo Credit - Naw Phaw Eh Htar

Photo Credit - Naw Phaw Eh Htar

Source - Naw Phaw Eh Htar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။