ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးဦးကျော်သူဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာအနုပညာလောကမှာရပ်တည်ထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဦးကျော်သူကတော့ ယခုမှာ ရုပ်ရှင်သရုပ်ဆောင်ဇင်မာဦး၏မိခင်ဖြစ်သူ ဒေါ်ခင်ဝင်းကြည်ရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်ပို့ဆောင်ပေးခဲ့ပါတယ်။

Photo Credit : Kyaw Thu ' s Facebook Acc
Photo Credit : Kyaw Thu ' s Facebook Acc

ဦးကျော်သူကတော့ "  အမေသုံးဦးအား အထက်ဘုံသို့ပို့ဆောင်ပေးခြင်း။ယနေ့ ၁၃-၅-၂၀၂၀(ဗုဒ္ဓဟူးနေ့) နံနက်(၁၀:၀၀)နာရီတွင် တောင်ဥက္ကလာ (၁၀)ရပ်ကွက်နေ အမေဒေါ်စောရင် အသက်(၉၂)နှစ်၊နံနက်(၁၁:၀၀)နာရီတွင် မင်္ဂလာဒုံ၊ ကျူစမ်းရပ်ကွက်နေ အမေဒေါ်အေး အသက်(၈၄)နှစ်၊နေ့လည်(၁:၀၀)နာရီတွင် သာကေတ ၁၀ရပ်ကွက်နေ အမေဒေါ်ခင်ဝင်းကြည် အသက် ၈၁နှစ် ( ရုပ်ရှင်သရုပ်ဆောင် ဇင်မာဦး ၏မိခင်)တို့အား ကျွန်တော်၊ဇွဲလရောင်၊ထွန်းကိုကို၊စွမ်းထက်နှင့်နာကူပရဟိတ မောင်မယ်များမှရေဝေးသုသာန်သို့ပို့ဆောင်ပေးခဲ့သည် "ဆိုပြီးရေးသားထားပါတယ်။

Photo Credit : Kyaw Thu ' s Facebook Acc
Photo Credit : Kyaw Thu ' s Facebook Acc
Photo Credit : Kyaw Thu ' s Facebook Acc

ဦးကျော်သူကတော့ " ထူးခြားသည်မှာ ယနေ့ပို့ဆောင်ရသည့် ဘဝတစ်ပါးသို့ကူးပြောင်းသွား ကြကုန် သော အမေသုံးဦး၏မျက်နှာသွင်ပြင် တို့သည် အပူကင်းစွာဖြင့်အေးချမ်းနေခြင်းအပြင် ခန္ဓာတို့သည်ပျော့ပြောင်းနေကြခြင်းဖြစ်သည်။နိဗ္ဗာန်ယာဉ်မောင်းရင်းဖြင့် ကျွန်တော် သည် မိခင်သုံးဦးတို့အားအထက် ကောင်းကင်ဘုံဌာနသို့မောင်းနှင်ပို့ဆောင်ပေးနေသည့် ပန်းရထားမောင်းနှင်ပေးနေသကဲ့သို့ ငြိမ့်ညောင်းအိစက်လှပါချီတကား။အမေသုံးဦးတို့ခင်ဗျာ.... သာဓု သာဓု သာဓုခေါ်ဆိုလိုက်ကြပါတော့ခင်ဗျာ။အမျှ အမျှအမျှယူတော်မူကြပါကုန်သော်။သာဓု သာဓု သာဓု "ဆိုပြီးရေးသားထားခဲ့ပါတယ်။

Source : Kyaw Thu ' s Facebook Acc

Photo Credit : Kyaw Thu ' s Facebook Acc
Photo Credit : Kyaw Thu ' s Facebook Acc
Photo Credit : Kyaw Thu ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။