ချစ်ရတဲ့ ပရိသတ်ကြီးရေ မိတ်ကပ်ဖန်တီးရှင် ညီညီမောင်(စမ်းချောင်း)ခေါ် သုသုကတော့ သူမရဲ့ ပင်ကိုယ်စွမ်းရည်နဲ့အတူ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ အောင်မြင်စွာ ရပ်တည်နေတဲ့ သူပါနော်။ သုသုက မိတ်ကပ်ဖန်တီးရှင် အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ သုသုက ပွင့်လင်းစွာ ပြောဆိုဆက်ဆံတက်ပြီး လူအများအပေါ်မှာလည်း ဖော်ရွေပြူငှာလွန်းတာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ ချစ်ခင်နေကြတာ အမှန်ပါပဲနော်။

Photo credit - Nyi Nyi Maung'a facebook account
Photo credit - Nyi Nyi Maung'a facebook account

သုသုက သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်ကနေ ယခင်က သူမလျှောက်လှမ်းခဲ့တဲ့ ငယ်ဘဝပုံရိပ်လေးတွေ၊ အနုပညာရှင်တွေနဲ့အတူ ရင်းနှီးစွာ အလုပ်လုပ်အတူတူလုပ်ကိုင်ခဲ့ပုံတွေကို တင်ပေးလေ့ရှိနေသူပဲ ဖြစ်ပါတယ်။ သုသုက ယခုလက်ရှိမှာတော့ " အခြောက်စိတ် ဆိုတာ မွေးသန္ဓေမှာထဲ ကပါလာတာ ကြီးမှခြောက်သွားတာမရှိပါဘူး အခြေအနေ အခွင့်မသာ လို့သာ ယောကျာ်းလိုနေကျမယ် လူက ယောကျာ်းလိုနေပေမဲ့ စိတ်က တော့ခြောက်နေတာပါပဲ ငယ်ဖြူ တို့ တောထွက်တို့ဆိုတာ စကားအဖြစ်သာရှိတာပါ ။

Photo credit - Nyi Nyi Maung'a facebook account
Photo credit - Nyi Nyi Maung'a facebook account

တချိုဆို အိမ်ထောင် ကျ ကလေးတွေရမှာပွင့်သွားတယ် ကြီးခြောက်ကြီးပေါ့ အယ်လို အခြောက်မှာမရှိပါဘူး မွေးသန္ဓေမှာထဲက ခြောက်နေတာ ပါ မိဘ အခြေအနေ အခွင်ရေးမရလို့ ကျားခဲ့ရတာ ဖြစ်ဖို့များပါတယ် ကျမ တိုကတော့ ငယ်ငယ် ထဲက အမေ ကပွင်လင်း လို့ ခုလို လုပ်ချင်တာဖြစ်တာ လုပ်ခွင့်ရ ခဲ့ပြီး လွတ်လပ်စွာနေနိုင်တာပါ ဒီပုံလေးကတော့ ကြည်မြင်တိုင် ဆရာ ဦးထွန်းရီ ၁၀တန်း Day ကျူရှင် က သူငယ်ချင်းမတွေ နဲ့ပါ အရမ်းခင် ချစ်ဖို့ကောင်းတဲ့ မိန်းကလေး သူငယ်ချင်းတွေပါ ကျိုက်ထီးရိုး ဘုရား ခရီးအမှတ်တရလေးပါ ကျမ အခြောက်တစ်ယောက် ပါ မောင်" ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်။ 

Photo credit - Nyi Nyi Maung'a facebook account
Photo credit - Nyi Nyi Maung'a facebook account

Source & Photo credit - Nyi Nyi Maung'a facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။