ပရိသတ်ကြီးရေ မင်းသမီးချောလေး ပိုးမမှီသာ လေးကတော့ အချိန်တိုလေးအတွင်း အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်မာရပ်တည်ထားနိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။ ရိုးရှင်းအေးချမ်းတဲ့ အလှတရတွေနဲ့ ချစ်စရာအပြုံးချိုချိုလေးတွေဖြင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားခဲ့နိုင်တဲ့သူပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုအနေဖြင့်ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်လာတာကိုလည်းတွေရပါတယ်။

Photo Credit - Poe Mamhe Thar
Photo Credit - Poe Mamhe Thar

ပိုးမမှီသာ က အနုပညာနယ်ပယ်မှာလည်း အောင်မြင်လာသလို ပညာရေးပိုင်မှာ ထူးချွန်ထက်မြက်တဲ့ ဆရာဝန်မလေး ပဲဖြစ်ပါတယ်။ ဝတ်စားဆင်ယဉ်မှုတွေမှာ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ပိုပြီး ဝတ်ဆင်လေ့ရှိကာ ခေတ်ပေါ်ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တက်တဲ့ သူလေးပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ပိုးမမှီသာ လေးဟာ ပရိသတ်တွေ အလွမ်းပြေအောင် အိမ်မှာနေရင်းဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Poe Mamhe Thar
Photo Credit - Poe Mamhe Thar

ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ ဟာ လွတ်လပ်ပေါ့ပါး တဲ့ ဖက်ရှင်လေးကို ဝတ်ကာ အရုပ်လေးကိုကိုင်ပြီး ကလေးလေးတစ်ယောက်လိုချစ်စရာအမူရာလေးတွေနဲ့ ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာလေးမှာလည်း ဘာမှလိမ်းချယ်ထားခြင်းမရှိပဲ ပင်ကိုယ်အလှတရားတွေနဲ့ လှရက်လွန်းနေတာပဲဖြစ်ပါတယ်။ Myanmarload ချစ်ပရိသတ်ကြီးရေ ဟန်ဆောင်မှုကင်းပြီးချစ်အားပိုစေမယ့် အချစ်တော်လေး ပိုးမမှီသာ လေးရဲ့ ပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သက်မယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Poe Mamhe Thar

Source - Poe Mamhe Thar's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။