ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ဟာဆိုရင် music video တွေမှာ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲက ဝင်ရောက်လာခဲ့တဲ့ သူပါနော်။ သူမက နောက်ပိုင်းမှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင် ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို အခိုင်အမာရယူထားနိုင်တဲ့ သူဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ သူမက အေးချမ်းလှပတဲ့ အပြုံလေးတွေကို ပိုင်ဆိုင်ထားတဲ့သူလေးပါ......။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

ပိုးအိအိခန့်က နိုင်ငံကျော်ဘောလုံးကစားသမား အောင်သူနဲ့လည်း ကြည်နှုးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားကြပြီး သဲကိုးလေးဆိုတဲ့ ဝကစ်ကစ်နဲ့ချစ်စရာကောင်းတဲ့ သားလေးကို လည်း မွေးဖွားထားပါသေးတယ်။ သဲကိုးလေးက ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေကလည်း အသည်းယားနေကြတာပါနော်။ ပိုးအိအိခန့်ကလည်း မကြာခဏဆိုသလို သူမတို့ရဲ့ မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်.....။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

သားသားလေး မွေးပြီးနောက်ပိုင်းမှာ ပိုးအိအိခန့်က အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး သေချာပြုစုပျိုးထောင်နေတာလည်း တွေ့ရပါတယ်။ ယခုလက်ရှိမှာတော့ ပိုးအိအိခန့်က တစ်လတိတိ လေ့ကျင့်ခန်းလုပ်ဖို့ ပရိသတ်တွေကို ပြောထားတာပဲ ဖြစ်ပါတယ်။ " Workout #day4 completed သိသာတာက ၄ ရက်မြောက်မှာ ရှေ့ရက်တွေကထပ် အမောခံနိုင်လာတယ် သိပ်မနားဘဲ လေ့ကျင့်ခန်းပိုလုပ်နိုင်လာတယ် ဟဲဟဲ မသိသာတာက အစားမလျော့နိုင်သေးဘူး " ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Poe Ei Ei Khant's facebook account
Photo credit - Poe Ei Ei Khant's facebook account

Source & Photo credit - Poe Ei Ei Khant's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။