ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

ချစ်စရာကောင်းတဲ့ဟန်ပန်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေခဲ့တဲ့သဉ္ဇာနွယ်ဝင်းကတော့ အောင်မြင်ကျော်ကြားတဲ့ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ယောက်ဖြစ်သူမို့ အနုပညာအလုပ်တွေရပ်နားထားသည့်တိုင်အောင် ပရိသတ်တွေက ယနေ့အချိန်ထိ အားပေးချစ်ခင်နေကြသူပါပဲ..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

ကြည်နူးစရာမိသားစုလေးနဲ့ အေးအေးချမ်းချမ်းလေး ဖြတ်သန်းနေတဲ့ သဉ္ဇာကတော့ ချစ်ရတဲ့ပရိသတ်တွေအတွက်လည်း သားသားမီးမီးနဲ့ မိသားစုလှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေလေ့ရှိသလို ပရိသတ်တွေကလည်း အမြဲစိတ်ဝင်တစား စောင့်ကြည့်အားပေးနေကြတာပါ..။

အခုတစ်ခါမှာ သဉ္ဇာတစ်ယောက် ယနေ့မှာမွေးနေ့ကျရောက်လာတဲ့ ချစ်ခင်ပွန်းဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကားလေးကို ကြည်ကြည်နူးနူးလေး ဆုတောင်းပေးလိုက်တာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

"happy birthday pa pa

မိန်းမနဲ့သားသမီးကို အမြဲစောင့်ရှောက်နိုင်ပြီး အသက်ရှည်ရှည်နေနိုင်ပါစေ.." ဆိုပြီး ကြည်ကြည်နူးနူးလေး မွေးနေ့ဆုတောင်းပေးလိုက်တာပဲ ဖြစ်ပါတယ်နော်..။

ဇနီးမောင်နှံနှစ်ယောက်အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံလေးနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လေးကို ဆုတောင်းပေးလိုက်တဲ့ သဉ္ဇာလေးရဲ့ ချစ်စရာဆုတောင်းစကားလေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

Photo Credit - Thinzar Nwewin's FB Account
Photo Credit - Thinzar Nwewin's FB Account

Source & Photo Credit - Thinzar Nwewin's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။