ပရိသတ်ကြီးရေ အလှမယ်တစ်ယောက်ဖြစ်တဲ့ ရွှေအိမ်စည်ကတော့ ဗိုလ်ဆန်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး စကားပြောဆို ပွင့်လင်းရိုးသားလွန်းတာကြောင့် သူမကို မသိသူ မရှိသလောက်ရှားပါတယ်နော်။ အိမ်စည်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက အကြိုက်တွေ့နေကြတာပါနော်။ ကိုယ်ပိုင်အရည်အချင်းရှိပြီး ဘဝကို အောင်မြင်မှုများစွာနဲ့ လျှောက်လှမ်းနေတဲ့ အိမ်စည်က အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ကိုင်နေတာပါနော်။

Photo credit - Shwe Eain Si's facebook account
Photo credit - Shwe Eain Si's facebook account

ရွှေအိမ်စည်က ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရပြီး ပွဲအခမ်းအနားတွေမှာလည်း မပါမဖြစ်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ်စည်က လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း သူမ ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် ပုံလေးတွေကိုလည်း တင်ပေးလေ့ရှိနေတာပါနော်။

Photo credit - Shwe Eain Si's facebook account
Photo credit - Shwe Eain Si's facebook account

ယခုလက်ရှိမှာတော့ အလှမယ်ရွှေအိမ်စည်က " I don’t care what you think about me. I don’t even think about you at all- coco Chanel" ဆိုတဲ့ စာသားလေးနဲ့အတူ စမတ်တကျထိုင်ကာ အထာကျကျဓာတ်ဖမ်းနေတဲ့ ပုံ​လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှရက်နိုင်လွန်းတာကြောင့် ပရိသတ်တွေကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Shwe Eain Si's facebook account

Source & Photo credit - Shwe Eain Si's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။