ဆုကြေးတစ်ဝက်ကို လှူဒါန်းမယ့်အလှမယ်... သူလေးကတော့ ၂၀၁၄ကတည်းကပရိသတ်အသဲစွဲခဲ့သူလေးဖြစ်ပြီး အခုဆိုနိုင်ငံတကာအဆင့်သရဖူတခုနဲ့ ပြည်တွင်းကအမြင့်ဆုံးသရဖူတခုကို ဆွတ်ခူးထားပါပြီ...

Miss Universe Myanmar 2017 winner ဆုရှင်, Miss Famous, Miss Healthy Skin ဆုများကိုပိုင်ဆိုင်စွတ်ခူးရရှိထားသော ဇွန်သံစဉ်သည် ချို့တဲ့နေသောဒေသများသို့ သေသေချာချာလေ့လာပြီးလျှင် သူမဆုကြေးငွေ၏ တစ်ဝက်တိတိကိုလှူဒါန်းမည်ဖြစ်ကြေညင်းပြောကြားခဲ့ပါသည်။

သူမဟာ Miss Universe 2014 ဖြစ်ခဲ့ပြီး ယခုအကြိမ်သည် ဒုတိယမြောက်အကြိမ်ဖြစ်ပေသည်။

ဇွန်သံစဉ်သည် ၂၀၁၄ ပြိုင်ပွဲမှစ၍ ပရိသတ်များဆီကတခဲနက်အားပေးမှုရခဲ့ပါသည်။ ယခု Miss Famous ဆုရခြင်းဟာလည်း ထိုပရိသတ်များကြောင့်ပင်ဖြစ်သည်ဟုပြောကြားခဲ့ပါသည်။သူမသည် သူမ၏ပရိသတ်များနှင့် အပြင်မှာနွေးနွးထွေးထွေးတွေ့ချင်ပါသည်ဟုလည်းပြောကြားထားပါသည်။ ထိုတွေ့ဆုံခြင်းသည်လည်း ပရိသတ်များ တောင်းဆိုမှုကြောင့် သူမစီစဉ်နေခြင်းဖြစ်သည်ဟုသိရပါသည်။ ဆုကြေးငွေများ သွားရောက်လှူဒါန်းသည့်အခါတွင်လည်း ပရိသတ်များကိုပါ တပါတည်းအတူတူခေါ်သွားချသါပါသည်ဟုလည်းပြောကြားထားပါသည်။

သူမသည် ယခုလောလောဆယ် မော်ဒယ်ဇွန်သံစဉ်အဖြစ်နှင့်သာ နေချင်ပါသေးသည်ဟုလည်းဖြေကြားခဲ့ပါသည်။သူမသည် ငယ်ငယ်လေးထဲက ပရဟိတလုပ်ရတာ ဝါဿနာပါ၍ ယခုလည်းပရဟိတ အဖွဲ့များတွင်ဝင်ရောက်လုပ်အားပေးသည်ဟုသိရပါသည်။ ထိုပရဟိတလုပ်ရခြင်းသည် သူမ၏စိတ်ကိုပျော်ရွှင်မှုပေး၍ ကြည်နူးမှုလည်းပေးသည်ဟုဖြေကြားခဲ့ပါသေးသည်။ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။