ယခုရာသီမှာ မန်ချက်စတာယူနိုင်တက်နဲ့ အင်္ဂလန်လက်ရျွှေးစင်အသင်းတို့၏ ခေါင်းဆောင် ၀ိန်းရွန်းနီအနေဖြင့် ခြေစွမ်းတွေကျဆုံးလာပြီလို့ လူတွေက ၀ိုင်းဝန်းဝေဖန်နေကျမှုနဲ့ပတ်သတ်၍ အသင်းဖော် မန်ချက်စတာယူနိူင်တက်လူငယ်ကစားသမားလေး ရက်ဖို့က တုံ့ပြန်ပြောကြားခဲ့ပါတယ်။ 

၀ိန်းရွန်းနီရဲ့အင်္ဂလန်လက်ရွှေးစင်ကစားသမားဘဝက မပြီးဆုံးသေးပါဘူးလ်ု့ိ မန်ချက်စတာယူနိူင်တက်လူငယ်ကစားသမားလေး ရက်ဖို့ကပြောကြားခဲ့တာပါ။ ရွန်းနီအနေနဲ့ ယခုလာမည့်နိုင်ငံပွဲတွေမှာ အရွှေးမခံရခြင်းနဲပတ်သတ်၍ ရက်ဖို့ကပြန်လည်ဖြေကြားခဲ့တာပါ။

၀ိန်းကကျွန်တော်တို့အင်္ဂလန်အသင်းသားတွေအပေါ်လွမ်းမိုးမှုရှိပါတယ်လို့ ရက်ဖို့ကထပ်မံပြောကြားခဲ့ပါတယ်။ ရွန်းနီသည် အသက်၃၁နှစ်ရှိနေပြီး အင်္ဂလန်လက်ရွှေးစင်အသင်းအတွက် ၁၁၉ပွဲကစားကာ၅၃ဂိုးသွင်းပေးပြီး အင်္ဂလန်လက်ရွှေးစင်ဂိုးအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားသူဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။