ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဈေးအကြီးဆုံး ဟိုတယ်သီးသန့်ခန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Ritz-Carlton Suite, Ritz-Carlton Moscow" အခန်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် သိရှိရအောင် တင်ဆက်ပေးသွားမှာပါ။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပါဦးနော်။

photo credit pngtree

ရုရှား နိုင်ငံ မော်စကိုရှိ ရစ်ဇ်ကာလ်တန် ဟိုတယ်ခန်းဟာ ကြမ်းခင်းမှ အမိုးအထိ ပြူတင်းပေါက်များ တပ်ဆင်ထားသဖြင့် ကရင်မလင် နန်းတော်နှင့် ရင်ပြင်နီတို့ရဲ့ အလှပဆုံး ရှုခင်းများကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ စိန့်ဘေဆယ်လ် နှင့် ဆာဗွိုင်ယာ ခရစ်ယာန်ဘုရားကျောင်းတို့ကို ကြည့်ရှုနိုင်တာ ဖြစ်ပါတယ်။

photo credit pngtree

စတုရန်းပေ ၂၅၀၀ ကျယ်ဝန်းသော အခန်းကို ရုရှား နန်းတွင်းပုံစံ မွမ်းမံထားကာ အထူးဧည့်ခန်း၊ ညစာစားခန်း၊ စာကြည့်တိုက်၊ စည်းဝေးခန်း၊ ခမ်းနားသော စန္ဒယားနှင့် အပူပေးထားတဲ့ ကြမ်းခင်းတို့ပါရှိတာပါ။ ဟိုတယ်က တည်းခိုသူများအား တစ်ရက်ကို အစား အစာ ငါးကြိမ် ကျွေးမွေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုရှား နိုင်ငံ ကေဂျီဘီအဖွဲ့က အတည်ပြုထားသော ကိုယ်ပိုင်စွမ်းအင် ပံ့ပိုးစနစ်ကို အသုံးပြုကာ လုံခြုံစိတ်ချရတဲ့ ဆက်သွယ်ရေးစနစ်ကို စီစဉ်ပေးထားတာပါ။ ရစ်ဇ်ကာလ်တန်ဟိုတယ်မှာ တစ်ညတာ တည်းခိုခမှာ ဒေါ်လာ ၁၈၂၀၀ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။