စပိန်လာလီဂါကလပ် ဘာစီလိုနာအနေနဲ့ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်နောက်တန်းတောင်ပံကစားသမားကို ကစားသမားကိုယ်တိုင်နဲ့ နှုတ်ချင်းသဘောတူညီမှုရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အာဆင်နယ်နောက်တန်း တောင်ပံကစယးသမား ဘယ်လာရင်ဟာ ဘာစီလိုနာအသင်းရဲ့ ကာလရှည်ပစ်မှတ်ဖြစ်နေပြီး ဘာစီလိုနာက အကြိမ်ကြိမ်ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။ နောက်တန်းတောင်ပံလူဘယ်လာရင်က အရင်က ဘာစီလိုနာအကယ်ဒမီ လာမာစီယာက လူငယ်ကစားသမားဟောင်းပါ။

ဘယ်လာရင်က ဘာစီလိုနာအကယ်ဒမီ လာမာဆီယာကနေ အာဆင်နယ်ကို ၂၀၁၁ခုနှစ်မှာပြောင်းရွှေ့လာခဲ့တာပါ။ အာဆင်နယ်အသင်းအနေနဲ့ ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေးအနည်းဆုံးအဖြစ် ပေါင်၃၅သန်းခန့်အလိုရှိနေပြီး ဘာစီလိုနာကတော့ ကစားသမားချင်းအလဲအလှယ်လုပ်ဖို့ စိတ်ကူးနေသလို အခြားသတင်းတွေအရ ပေါင်သန်း၄ဝဖြင့်လည်းကမ်းလှမ်းဖွယ်ရှိပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။