ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Gateshead Millennium Bridge" ဂိတ်စ်ဟက်ဒ် တံတားကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရှိ တိုင်းမြစ်"River Tyne"ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ဂိတ်စ်ဟက်ဒ် တံတားဟာ လူသွားလမ်းနှင့် ဆိုင်ကယ်သွားလမ်းတို့ကို ဦးစားပေးသော တံတားဖြစ်ကာ ဆိပ်ခံများကို ဆက်သွယ်ထားပါတယ်။

photo credit pngtree

တံတားရဲ့ မြောက်ဘက်ခြမ်းဟာ နယူးကာဆယ်ဆိပ်ခံဘက်ဖြစ်ပြီး တောင်ဘက်ခြမ်းမှာတော့ ဂိတ်စ်ဟက်ဒ်ဆိပ်ခံ နေရာများရှိပါတယ်။ တံတားကို ၂၀၀၁ ခုနှစ် စက်တင် ဘာလ ၁၇ ရက်မှာ ပြည်သူများ စတင်အသုံး ပြုခဲ့ ပြီး ၂၀၀၂ ခုနှစ်မေလ ၇ ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့သော ထိုတံတားကို တည်ဆောက်ထားသော ပုံစံကြောင့် မျက်တောင်ခတ်နေတဲ့ တံတားလို့ တင်စားခေါ်ဝေါ် ခဲ့ကြပါတယ်။

photo credit pngtree

တံတားမှာ တပ်ဆင်ထားတဲ့ အချင်းဝက် ၁၈ လက်မရှိသော ဟိုက်ဒရောလစ် လက်တံခြောက်ခုဟာ ၈၂ ပေအထိမြင့်သော သင်္ဘောများကို တံတားအောက်မှ ဖြတ်သန်းသွားနိုင်ရန် လေတိုက်နှုန်း အပေါ်မူတည်လျက် တံတားကို ၄၀ ဒီဂရီ ဟလျက် ၄ မိနစ်ခွဲကြာ ဖွင့်ထားနိုင်ပါတယ်။ ဂိတ်စ်ဟက်ဒ် တံတားကို သင်္ဘောများ တံတားအောက်မှ ဖြတ်သန်းနိုင်ရုံ သာမက တံတားပေါ်မှ ရှုခင်းများနှင့်၊ မြစ်အတွင်းကျင်ပလေ့ရှိသည့် လှေပြိုင်ပွဲများကို ကြည့်ရှုနိုင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့ရာ စတာလင်ပေါင် ၂၂ သန်း ကုန်ကျခဲ့ပါတယ်။ တံတားဗိသုကာ ဝီကင်ဆန်အိုင်းဟာ ဂိတ်စ်ဟက်ဒ် တံတားကို တည်ဆောက်နိုင်ခဲ့မှု ကြောင့်၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တွင် ဗိသုကာ ထူးချွန်ဆုများကို ရရှိခဲ့ပါတယ်။ တံတားပေါ်မှ နေ့စဉ်ပျမ်းမျှ ကားစီးရေ ၁၆၂၀၀ ဖြတ်သန်းသွားလာလျက်ရှိပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကိုကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။