အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလား ချန်ပီယံ ချယ်ဆီးအသင်း၏ အဓိကတိုက်စစ်မှူး ဒီယေဂိုကော်စတာက သူ့အနေနဲ့ ကိုလံဘီယာနဲ့စပိန် တစ်ဘက်၂ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ချယ်ဆီးအသင်းက သူ့ကိုအလိုမရှိတော့ဘူးလို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ချယ်ဆီးအသင်း၏ အဓိကတိုက်စစ်မှူးကော်စတာအနေနဲ့ ထိုကဲ့သို့ပြောခဲ့ခြင်းမှာ သူ့အနေနဲ့ နည်းပြကွန်တီဆီကနေ မင်းကိုအသင်းမှာအလိုမရှိတော့ဘူးလို့ရေးထားတဲ့ Messageရရှိခဲ့ပြီး သူ့အနေနဲ့သေချာအောင်လို့ ဘုတ်အဖွဲ့ကပြသခဲ့ရာ ချယ်ဆီးဘုတ်အဖွဲ့က ကွန်တီအနေနဲ့ သူ့ကိုအလိုမရှိတာသေချာကြောင်း အတည်ပြူပေးခဲ့တာပါ။ 

ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ယခုနှစ်တွင်ချယ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်ဂိုး၂၀ သွင်းပေးထားခဲ့ပြီး ပရီးမီးယားလိဂ်ဖလားရအောင်အဓိကစွမ်းဆောင်ပေးခဲ့သော ကစားသမားဖြစ်သော်လည်း ဆောင်းရာသီအပြောင်းအရွှေ့တွင် အသင်းပြောင်းမည်ဆိုပြီးခေါင်းမာခဲ့သောကြောင့် နည်းပြကွန်တီကချယ်ဆီးအသင်းတယ်ငြိမ်စေရန် ယခုနွေအပြောင်းအရွှေ့တွင်မှ ကော်စတာကိုအသင်းသစ်ရှာခိုင်းခြင်းဖြစ်နိုင်သည်ဟု ကော်စတာကိုယ်တိုင်ပြောကြားခဲ့သည်။

Hein

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။