၁၉၈၁ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ ဘီဟာရထား မတော်တဆဖြစ်ပွားမှု အကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ထိုအချိန်မှာ စုစုပေါင်း ခရီးသည် ၁၀၀၀ ဝန်းကျင် လိုက်ပါလာတဲ့ မီးရထားတွဲ ကိုးခုဟာ မိုင် ၂၅၀ ကွာဝေးတဲ့ ကလကတ္တားမြို့မှ ထွက်ခွာလာပြီး ဘီဟာ ပြည်နယ်မှ ဖြတ်သန်းမောင်းနှင်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မုတ်သုန်မိုးရာသီ ဖြစ်တာကြောင့် မီးရထားလမ်းတွဲချော်မှုများ၊ ရထားလမ်း ရေမြုပ်ခြင်းတို့ကို ဖြစ်ပေါ်စေလေ့ ရှိခဲ့ပါတယ်။

photo credit pngtree

ရထားမောင်းသူဟာ ရထားလမ်းပေါ်မှာ လျှောက်သွားနေတဲ့ နွားမတစ်ကောင်ကို တွေ့လိုက်သဖြင့် ရထားဘရိတ်ကို ခက်ခဲစွာ နင်းကာ ရထားကို ရပ်တံ့စေရန် ကြိုးပမ်းခဲ့တာကြောင့် ဘီဟာ ရထားမတော်တဆမှုဟာ ရထားမောင်းနှင်သူကြောင့်လို့ ယူဆခဲ့ကြပါတယ်။ နွားများဟာ ဟိန္ဒူ ဘာသာဝင်များ အထွတ်အမြတ်ထားတဲ့ သတ္တဝါဖြစ်ပြီး ရထားမောင်းသူဟာ ဘာသာရေးကို လိုက်နာသူ တစ်ဦးဖြစ်ခဲ့ပါတယ်။

photo credit pngtree

ထိုအချိန်မှာ မိုးကလည်းရွာသွန်းနေသဖြင့် ရထားလမ်းများက ချော်လုနီးဖြစ်နေကာ မီးရထားဘီးများဟာ ရထားလမ်းကို အမိအရ တွယ်မိနေခြင်းမရှိတော့ပါဘူး။ ထို့ကြောင့် မီးရထားဟာ ရထားလမ်းမှ ချော်ကာ တွဲများကို Baghmati မြစ်အတွင်းသို့ ထိုးကျသွားစေခဲ့ပြီး လျင်မြန်စွာ နစ်မြုပ်ခဲ့တာပါ။ ကယ်ဆယ်ရေး အဖွဲ့များရောက်ရှိလာချိန်မှာတော့ လူပေါင်း ၆၀၀ သေဆုံးခဲ့ပြီဖြစ်ကာ ၃၀၀ ကျော် ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။