ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်လွှားရှိ ထူးထူးခြားခြား လမ်းမတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "9 de Julio Avenue" ရိပ်သာလမ်းအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ်မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။
ကမ္ဘာပေါ်မှာ အကျယ်ဆုံးလမ်းဟာ အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရီစ်မှ de Julio ရိပ်သာလမ်း ဖြစ်ပါတယ်။ "9 de Julio"ဟာ အာဂျင်တီးနားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင်လ ၉ ရက်ဟု ဆိုလိုတာ ဖြစ်ပါတယ်။ ထိုရိပ်သာလမ်းဟာ ခြောက်လမ်းသွားလမ်းမ တစ်ခုဖြစ်ပြီး လမ်းတစ်ခုစီက မြို့တော် တစ်ခုလုံးဆီသို့ ဝင်သွား ကြတာ ဖြစ်ပါတယ်။
ရိပ်သာလမ်းမှာရှိခဲ့တဲ့ အဆောက်အအုံတစ်ခုကို ယခင်က ဆက်သွယ်ရေးဝန်ကြီးဌာန အဖြစ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ထိုလမ်းမကြီးဟာ သုံး ကီလိုမီတာ(၁ ဒသမ ၉ မိုင်) ကျယ်ဝန်းကာ တစ်ကီလိုမီရှည်လားပြီး ၂၀၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ လမ်းမတစ်လျောက် ပြင်သစ်သံရုံးဟောင်းနှင့် ဒွန်ကွီဆုတ်(Don Quixote) ရုပ်ထု အပါအဝင် အထိမ်းအမှတ် အဆောက်အအုံများရှိတာ ဖြစ်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။