ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး မေတိုးခိုင်ကတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပါဝင်ရိုက်ကူးနေသူလေးပါနော်။ မေတိုးခိုင်က အဒေါ်ဖြစ်သူ နိုင်ငံကျော် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ တူမဖြစ်ပြီး အဒေါ်ဖြစ်သူရဲ့ လမ်းညွှန်ပြသမှုကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိနေပြီလည်း ဖြစ်ပါတယ်.....။

Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page

မေတိုးခိုင်က ကြော်ငြာတွေ၊ photo shooting တွေကို ဆက်တိုက်ရိုက်ကူးနေပြီး ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း အူဝဲနဲ့အတူ တက်ရောက်နေတာပါနော်။ ပရိသတ်တွေကလည်း အူဝဲနဲ့ မေတိုးခိုင်ကို တခဲနက်အားပေးနေကြပြီး ရုပ်ချင်းဆင်ကြလို့ အချစ်တွေလည်း ပိုနေကြပါသေးတယ်။ လတ်တလောမှာတော့ မေတိုးခိုင်ကို ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ် .....။

Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page

အိမ်မှာနေရင်း photo shooting လေးတွေကို ရိုက်ကာ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူတစ်ယောက်ပါနော်..။ ယခုမှာလည်း မိုးရေထဲမှာ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.. ။ ပရိသတ်ကြီးကလည်း မေတိုးခိုင်နဲ့ အဒေါ်ဖြစ်သူ အူဝဲရဲ့ ဆက်လက်လှုပ်ရှားမယ့် အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါအုန်းနော်...... ။

Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page
Photo - May Toe Khine's facebook page

Source & Photo - May Toe Khine's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။