ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Ponte Vecchio" ပွန်တီ ဗက်ချီယိုတံတားအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် တင်ဆက်ပေးသွားမှာပါ။ တံတားဟောင်း တစ်ခုလို့ အဓိပ္ပာယ်ရတဲ့ ပွန်တီဗက်ချီယိုကို အီတလီနိုင်ငံ၊ ဖလောရင့်စ်ရှိ အာနိုမြစ်ပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အလယ်ခေတ်ကာလ တံတားတစ်စီးဖြစ်ပြီး ဖလောရင့် ဒေသမှာ ဒုတိယကမ္ဘာစစ်အတွင်း မပျက်မစီး ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော တံတားဖြစ်ပါတယ်။

photo credit pngtree

တံတားနှင့် အတူ တည်ဆောက်ခဲ့တဲ့ အလယ်ခေတ်ကာလက ဈေးဆိုင်ခန်းများဟာ ယနေ့ထိတိုင် ရှိနေသဖြင့် ပွန်တီဗက်ချီယို တံတားကို လူအများ စိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ အသားဆိုင်များက အများစုဖြစ်ပြီး ယခုအခါမှာ ကျောက်မျက်ရတနာဆိုင်များ၊ အနုပညာပစ္စည်းဆိုင်ခန်းများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်များ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

photo credit pngtree

စီးပွားပျက်ကပ်ရဲ့ စီးပွားရေးဆိုင်ရာ သဘောတရားများဟာ ထိုတံတားမှ စတင် အခြေပြုခဲ့တယ်လို့ ဆိုကြပါတယ်။ ကုန်သည်တစ်ဦးက အကြွေးများ မဆပ်နိုင်တဲ့ အချိန်မှာ သူ့ပစ္စည်းများရောင်းချရန် တင်ထားသော စားပွဲကို စစ်သားများက ချိုးပစ်ခဲ့ကြပါတယ်။ ထို့ကြောင့် စီးပွားရေးပျက်စီးမှု အခြေအနေမှာ ကြုံတွေ့ရတဲ့ အလေ့အထများကို စားပွဲချိုးတယ်လို့ သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။