နာမည်ကျော်အဆိုတော်တစ်ဦးဖြစ်တဲ့ ရတနာမိုင်တစ်ယောက် သူမရဲကလှပလွန်းတဲ့ ပုံရိပ် တွေကို Facebook မှာ ပြန်လည်မျှဝေထားပါတယ်။ အသံချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ခဲ့တဲ့ သူမဟာ ရခိုင်တိုင်းရင်းသူလေးတစ်ဦးဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတာ အချိန်အတော်ကြာခဲ့ပြီပဲ ဖြစ်ပါတယ်။ သီချင်းခွေ တွေလည်းထွက်ရှိခဲ့ပြီး ပရိတ်သတ်အားပေးမှုကို အပြည့်အဝရရှိခဲ့သူလည်းဖြစ်ပါတယ်.......။

Photo credit - Yadanar My's facebook page
Photo credit - Yadanar My's facebook page

မိခင်ဖြစ်သူကလည်း အဆိုတော်တစ်ဦးဖြစ်ပြီး အမေ့ခြေရာကိုအပြည့်အဝနင်းနိုင်တဲ့ ထူးချွန် ထက်မြက်တဲ့ သမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိထိတော့ သူမရဲ့အချစ်ရေးက တော့ တည်ငြိမ်လျက်ရှိပြီး တစ်ကိုယ်တည်းအပျိုကြီးအဖြစ်နဲ့ မိခင်နဲ့အတူ ဘဝကို အေးအေး လူလူ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးလိမ္မာလေးလည်းဖြစ်ပြီး ပရိတ်သတ်တွေရဲ့အချစ်တော်လည်းဖြစ်တဲ့ အဆိုတော် ရတနာမိုင်ရဲ့ အိမ်နေရင်းပုံစံ လေးတွေက တကယ်ကိုကြွေချင်စရာပါပဲ.......။

Photo credit - Yadanar My's facebook page

ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားနေမှာ အသေအချာပဲမို့ အဆိုတော် ရတနာမိုင်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်.. ။ Stay home ကာလမှာ အလှတွေပိုနေတဲ့ ရတနာမိုင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်. ။ ဒါ့အပြင် သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေက ဆက်လက်အားပေးကြဖို့ တောင်းဆိုလိုက်ပါတယ်နော်...... ။

Photo credit - Yadanar My's facebook page

Source & Photo credit - Yadanar My's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။