တချိန်တခါက စင်မြင့်ထက်မှာ အသံပါဝါကောင်းကောင်းနဲ့ အားမာန်အပြည့်သီဆိုတက်တဲ့ တေးသံရှင် အဆိုတော် တင်ဇာမော် ကတော့ ယခုချိန်ထိတိုင် အနုပညာလောကမှာ အောင်မြင်စွာ ရပ်တည်နေတဲ့ သူပါနော်။ အဆိုတော် တင်ဇာမော် ရဲ့ ဖက်ရှင်တွေကလည်း လူငယ်တွေ လိုက်မမှီလောက်အောင် ခေတ်မှီနေပြီး သူမရဲ့ တေးသီချင်းတိုင်းကလည်း လူငယ်တွေကြားမှာ ရေပန်းစားနေတာဖြစ်ပါတယ်.....။

Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account

တင်ဇာမော် ရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေထဲကတစ်ယောက်အပါအဝင်ဖြစ်တဲ့ တေးသံရှင် မီမီဝင်းဖေကလည်း တချိန်တခါက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး ယခုချိန်ထိတိုင် ပရိသတ်တွေ နှုတ်ဖျားမှာ သူမရဲ့ တေးသီချင်းတွေက စွဲနေဆဲပဲ ဖြစ်ပါတယ်။ သူမတို့ သူငယ်ချင်း နှစ်ယောက်ကတော့ အမြဲလိုလို နုပျိုလှပနေဆဲ ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အနေမဝေးသွားရအောင် ဖုန်းတွေအပြန်အလှန်ပြောကာ အဆက်အသွယ်ရှိနေကြတာပါနော်.....။

Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account

မကြာသေးမီအချိန်က တင်ဇာမော် က သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာပေါ်ကနေ " အွမ်း မားမီရယ်လေ .. မတိုင်ပင်ပဲ သနပ်ခါးလူးထားကြလို့ ပုံရိုက်မယ် ပြုံးပါဆိုတော့ သွားပေါ်အောင်ပြုံးတယ်။ သွားပေါ်အောင် ရယ်ပါဆိုတော့... အားရပါးရ ဟားးး နေတယ်... ငှဲ့ ဘယ်လိုလားးးကျန်တဲ့မတ်မတ်တွေ လိုင်းပေါ်ရှိမနေလို့ မားမီ တင်းနေပြီညော် " ဆိုတဲ့ စာသားလေးနဲ့ အတူ သူငယ်ချင်းနှစ်ယောက် သနပ်ခါးလေးတွေနဲ့ ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account
Photo credit - Tin Zar Maw's facebook account

Source & Photo credit - Tin Zar Maw's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။