ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေကဗျာကတော့ အနုပညာလောကမှာ လင်းလက်နေတဲ့ ကြယ်ပွင့်လေးတစ်ပွင့်ပဲဖြစ်ပါတယ်နော်။ မေကဗျာရဲ့ အနုပညာသက်တမ်းဟာဆိုရင်လည်း ကြာမြင့်နေပြီဖြစ်လို့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို တခဲနက်ရရှိထားတဲ့ ပြည်သူချစ်မင်းသမီးလေးပါ။ မေကဗျာက အနုပညာအလုပ်တွေကို ဟိုအရင်ကတည်းက လုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ သရုပ်ဆောင်နေတဲ့ အရမ်းတော်တဲ့ မင်းသမီးလေးပါနော်.....။
မေကဗျာရဲ့ အလှလေးဟာဆိုရင်လည်း ချစ်စရာကောင်းပြီး အပြစ်ကင်းစင်တဲ့ ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ညိုချောလေးတစ်ယောက်ဖြစ်လို့ အရမ်းကို လှပါတယ်။ မေကဗျာရဲ့ အနုပညာလှုပ်ရှားမှုတွေက အခုနောက်ပိုင်းမှာ ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီး နှင်းဆီအဖွဲ့သားတွေထဲမှာလည်း ပါဝင်နေဆဲဖြစ်ပြီး တစ်ပင်တိုင်မင်းသမီးလေးလို့ ကပြဖျော်ဖြေနေဆဲဖြစ်ပါတယ်။ ယခုချိန်ထိ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ လွှမ်းမိုးထားနိုင်တဲ့ မင်းသမီးလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်.... ။
မင်းသမီးချောလေး မေကဗျာက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေ ခေါင်းပေါ်မှာ ပိတောက်ပန်းတွေပန်ကာ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ မေကဗျာက ကလေးတစ်ယောက် အမေလို့ ထင်ရက်စရာမရှိလောက်အောင် နုပျိုလှပနေတာကြောင့် သူမရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.. ။ ပရိသတ်ကြီးကလည်း မေကဗျာရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်... ။
Source & Photo credit - May Kabyar's facebook account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။