မြန်‌မာလက်‌‌ဝှေ့ကိုကမ္ဘာကသိ‌အောင်‌ပြခဲ့တဲ့မြန်‌မာ့လက်‌‌ဝှေ့သူရဲ‌ကောင်‌းသစ်‌ဖိုး‌သော်‌



မြန်မာ့ရိုးရာလက်ဝှေ့ပွဲတစ်ပွဲကို နိုင်ငံတကာအဆင့်မီပြင်ဆင်မှုတွေနဲ့ကျင်းပခဲ့တဲ့WLC -2 လက်ဝှေ့ပွဲဟာစပြီဟေ့ဆိုကတည်းကစိတ်လှုပ်ရှားစရာအပြည့်ပါ။အစီစဉ်‌တင်‌ဆက်‌သူနိုင်‌းနိုင်‌း၊ပွဲမစခင်‌သီဆို‌ဖျော်‌‌ဖြေ‌ပေးတဲမိုင်‌းမိုင်‌ဆိုင်‌း၊ပွဲရပ်‌နားချိန်‌မှာ DJ တီးခတ်‌‌ပေးတဲ့ DJ ဝိုင်‌းတို့‌ကြောင်‌့ပွဲဟာမြိုင်‌သထက်‌မြိုင်‌လာခဲ့ပါတယ်‌။



စိုးလင်‌းဦး၊တူးတူးတို့ရဲ့‌ခေါင်‌ပွဲကြီး‌တွေမလာခင်‌ မြန်‌မာလက်‌‌ဝှေသမားချင်‌းထိုးသတ်‌ခဲတဲ့ပွဲစဉ်‌‌တွေမှာလည်‌း

အားလုံးလိုလို အဝင်‌ရဲရဲ အထွက်‌ရဲရဲ ထိုးသတ်‌သွားကြတာ‌ကြောင်‌့ပရိသတ်‌‌တွေအကြိုက်‌‌တွေ့ခဲ့ကြရပါတယ်‌။တွဲဆိုင်‌းတိုင်‌းလိုလို မီးကုန်‌ယမ်‌းကုန်‌ ဘတပြန်‌ကျားတပြန်‌ထိုးသတ်‌ခဲ့ကြတာမို့ ပရိသတ်‌‌တွေမ‌နော‌ခွေ့စရာပွဲစဉ်‌‌တွေဖြစ်‌ခဲ့ပါတယ်‌။



ပရိသတ်‌‌တွေရဲ့အထူးအား‌ပေးခြင်‌းခံရတဲ့ဖိုး‌သော်‌နဲ့သြဇီနိုင်‌ငံသသားဂျိုးဖစ်‌ဇရွိုင်‌း တို့ထိုးသတ်‌ခဲ့ကြတဲ့ပွဲမှာပွဲစတာနဲ့တပြိုင်‌နက်‌ဖိုး‌သော်‌ကသူရဲ့ထုံးစံအတိုင်‌းတရစပ်‌တိုက်‌စစ်‌ဆင်‌ပါ‌တော့တယ်‌။ဖစ်‌ဇရွိုင်‌းက‌တော့ဖို‌း‌သော်‌ကိုချုပ်‌ဖို့ကြိုးစားရင်‌းဖိုး‌သော်‌ရဲ့ပါတ်‌တံ‌တောင်‌‌တွေ‌ခြေကန်‌ချက်‌‌တွေရဲ့ဒဏ်‌ကိုအလူးအလဲခံခဲ့ရပါတယ်‌။‌ခေါင်‌းတစ်‌ခုလုံး‌သွေး‌တွေရဲ‌နေ‌ပေမယ်‌့လည်‌းဖစ်‌ဇရွိုင်‌းဖိုး‌သော်‌ကိုချက်‌‌ကောင်‌း‌စောင်‌့ပြီးပြန်‌လည်‌ထိုးသတ်‌ခဲ့ပါတယ်‌။ဒါ‌ပေမယ်‌့စတုတ္ထအချီ‌မြောက်‌မှာ‌တော့ အားပါလှတဲ့တံ‌တောင်‌ရိုက်‌ချက်‌ရယ်‌့ပင်‌့ဒူးတစ်‌ချက်‌နဲ့အသည်‌းမာမာနဲ့‌တောင်‌့ခံ့‌နေတဲ့ဖစ်‌ဇရွိုင်‌းကိုပွဲသိမ်‌းခဲ့ပါတယ်‌။


agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။