ပရိတ်သတ်ကြီးရေ......အရွယ်နဲ့မလိုက်အောင်ကို နုပျိုလှပနေပြီး ပျော်ပျော်နေတတ်တဲ့ မပွတ်ကျွတ်လို့ခေါ်ကြတဲ့ ခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာအနုပညာလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေတာဖြစ်ပြီး ကျရာဇာတ်ရုပ်ကိုလည်းပီပြင်စွာသရုပ်ဆောင်နိုင်တာကြောင့် အမျိုးသမီးဇာတ်ပို့နေရာနဲ့ ဇာတ်ဆောင်နေရာနှစ်ခုလုံးမှာပါ အကယ်ဒမီထူးချွန်ဆုရရှိထားတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။

Photo credit-Khine Thin Kyi's Facebook acc/
Photo credit-Khine Thin Kyi's Facebook acc/

ခိုင်သင်းကြည်ဟာ ပျော်ရွှင်စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုလည်းတည်ထောင်ထားတာဖြစ်ပြီး သမီးလေးစံထိပ်ထားဦးဟာလည်း အခုဆိုရင်အရွယ်ရောက်လာပြီဖြစ်ပြီး မေမေနဲ့တူကာပိုလှလာတာပါနော်။ ထိပ်ထိပ်လေးဟာ အနုပညာအလုပ်တွေလည်း စတင်လုပ်ဆောင်နေတာဖြစ်ပြီး ဂီတတူရိယာလေးတွေကိုလည်း တီးခတ်တတ်ပါသေးတယ်နော်။

Photo credit-Khine Thin Kyi's Facebook acc/
San Htate Htar Oo's Facebook acc

မကြာသေးမီကလည်း ခိုင်သင်းကြည်ဟာ သူမရဲ့Facebookစာမျက်နှာမှာ "ထိပ်လေးနဲ့အတူအပျော်လေးပါ(ထိပ်ဂီတာသင်တာ၁လနဲ့Covidကြောင့်ဆရာမမလာနိုင်တော့လို့ beginner အဆင့်ဘဲရှိပါသေးတယ်နော်)" ဆိုတဲ့captionလေးနဲ့ ထိပ်ထိပ်လေးကိုယ်တိုင်ဂစ်တာတီးပြီး သားအမိနှစ်ယောက်သီချင်းဆိုနေတဲ့ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

San Htate Htar Oo's Facebook acc
San Htate Htar Oo's Facebook acc

Source-Khine Thin Kyi's Facebook acc

Photo credit-Khine Thin Kyi's Facebook acc/San Htate Htar Oo's Facebook acc

Video Credit-Khine Thin Kyi's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။