အဆုံးသတ်ကောင်းသူရယ်လို့နာမည်ကျော်ကြားတဲ့ နာမည်ကျော်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်တစ်ယောက် ယခုအပြောင်းအရွှေ့ကာလမှာ မန်ချက်စတာယူနိုင်တက်အသင်းနဲ့လမ်းခွဲထွက်ခွာခဲ့ပြီဖြစ်ပြီးသောကြောင့် မန်ချက်စတာယူနိုင်တက်အသင်းအတွက် သူသွင်းယူပေးခဲ့သော ဂိုးများကိုတင်ပြပေးလိုက်ပါတယ်။

ဆွီဒင်လူမျိုး ကမ္ဘာ့ကျော်တိုက်စစ်မှူး အီဘရာဟီမိုဗစ်အနေနဲ့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ အင်္ဂလန်ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းသို့ PSG အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာပြီး မန်ချက်စတာယူနိုင်တက်အသင်းမှာ ကစားခဲ့ပါတယ်။ 

အီဘရာဟီမိုဗစ်အနေနဲ့ မန်ချက်စတာယူနိုင်တက်အသင်းရဲ့ အဓိက တိုက်စစ်မှူးနေရာကနေ ကစားခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၂၈ ဂိုး သွင်းပေးခဲ့ကာ မန်ချက်စတာယူနိုင်တက်အသင်းနဲ့အတူ ကွန်မြူနတီဒိုင်း၊ EFL ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။