ပရိတ်သတ်ကြီးရေ.....သရုပ်‌ဆောင်မင်းသမီးချောလေး ချောရတနာရဲ့ညီမငယ်လေးဖြစ်တဲ့ မော်ဒယ်လ်မင်းသမီးလေး သန္တာဗိုလ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပတဲ့အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး အရပ်မြင့်မြင့်လေးနဲ့ချစ်စရာကောင်းတဲ့သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သန္တာဗိုလ်ဟာ အောင်မြင်တဲ့မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမော်ဒယ်လ်တစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

သန္တာဗိုလ်ဟာ သရုပ်ဆောင်ကောင်းပြည့်နဲ့လည်း ပရိတ်သတ်တွေအားကျရတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိနဲ့လက်တွဲနေကြတာပါ။ ဒါ့ပြင်သူမဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ပြီး အကပိုင်းမှာလည်းစိတ်၀င်စားတဲ့သူဖြစ်တာကြောင့် tik tokလေးတွေကို အထာကျကျရိုက်ပြီးတင်ပေးလေ့ရှိပါတယ်။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

မကြာသေးမီကလည်း တူမလေးနဲ့အတူ ချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့ ရိုက်ထားတဲ့tik tokဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ တူမလေးဟာလည်း မေမေချောရတနာနဲ့ရုပ်ချင်းအရမ်းဆင်ပြီး ချစ်စရာကာင်းလွန်းတဲ့ကလေးလေးပါ။ ကဲ....ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

Source-Thandar Bo's Facebook acc

Photo credit-Thandar Bo's Facebook acc

Video Credit-Thandar Bo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။