ပရိသတ်ကြီးရေ ဟာသဗီဒီယိုလေးတွေနဲ့လူသိများလားတဲ့ ဖြူဖြူထွေး ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင်တော့ဖြူဖြူထွေးကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကြောင့် အနုပညာလမ်းခရီးမှာ အကောင်းဆုံးရပ်တည်လာနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဖြူဖြူထွေး ဟာ တက်သစ်စအနုပညာရှင်တစ်ယောက်ဆိုပေမယ့် သရုပ်ဆောင်ပိုင်းမှာ ဘယ်လိုပုံစံမျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။
လက်ရှိမှာတော့ သူမက ကြော်ငြာတွေကို များစွာရိုက်ကူးလာသလို နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်များနဲ့လည်း ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေပြီလည်းဖြစ်ပါတယ်။ သွက်သွက်လပ်လပ်နဲ့ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်သလို စိတ်သဘောထားပြည့်ဝသူလေးပဲဖြစ်ပါတယ်။ယခုမှာဆိုရင်လည်း အချစ်တော်လေး ဖြူဖြူထွေး ပရိသတ်တွေအလွမ်းပြေအောင် အိမ်မှာနေရင်းဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ ဖြူဖြူထွေက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ကာ ဟန်ဆောင်မှုကင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုစေမယ့်ပုံရိပ်လေးတွေပဲဖစ်ပါတယ်။ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းလာတဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ခေတ်ဆန်တဲ့ အမိုက်စားဖက်လေးနဲ့ လှရက်လွန်းနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - Phyu Phyu Htwe
Source - Phyu Phyu Htwe's Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။