မင်းသမီးချောလေး ဟန်သီကတော့ အသက်ငယ်ပေမယ့် အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုများစွာနဲ့ ထွန်းတောက်နေတဲ့ ကြယ်ပွင့်လေးဖြစ်တာကြောင့် သူမကို မသိတဲ့သူ မရှိသလောက်ကို ရှားပါတယ်နော်။ ငယ်ဂုဏ်လေးနဲ့အတူ လှသွေးကြွယ်နေတဲ့ မော်ဒယ်သရုပ်ဆောင် ဟန်သီ ဟာ မာန်မာနမရှိပဲ ပရိသတ်တွေနဲ့ တရင်းတနှီးနေလေ့ရှိသူမို့ သူမကို ချစ်ခင်အားပေးကြတဲ့အမာခံပရိသတ်တွေလည်း ရှိနေပါတယ်.......။

Photo credit - Han Thi's facebook page
Photo credit - Han Thi's facebook page

ချစ်စရာကောင်းပြီး ပွင့်လင်းသွက်လက်တဲ့ဟန်ပန်လေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေရရှိထားတဲ့ ဟန်သီလေးကတော့ အနုပညာအလုပ်တွေကို ရှေ့ဆက်ကြိုးစားပြီး လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ 

အခုလက်ရှိမှာလည်း သူမက ကြော်ငြာတွေနဲ့ photo shooting တွေကို ရိုက်ကူးနေပြီး ၊ ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတော်တော်များများကို တက်ရောက်နေတာလည်းဖြစ်ပါတယ်......။

Photo credit - Han Thi's facebook page
Photo credit - Han Thi's facebook page

မင်းသမီးချောလေး ဟန်သီက မကြာသေးမီကမှ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ " စိတ်ပြေလက်ပျောက် shopping သွားလိုက်အုံးမယ် ပြီးရင် Mask တပ်မှာပါနော်" ဆိုတဲ့ စာသားလေးနဲ့အတူ ဘာမှမလိမ်းခြယ်ထားပဲ သဘာဝအတိုင်းလေး ဖြူဖွေးလှပတဲ့ မျက်နှာလေးနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပါနော်.။ ဟန်သီ ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Han Thi's facebook page
Photo credit - Han Thi's facebook page

Source & Photo credit - Han Thi's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။