သရုပ်ဆောင် မင်းသမီးချောလေး ဆုပန်ထွာဟာ သရုပ်ဆောင်ဘက်တွင်သာမကဘဲ အဆိုဘက်မှာပါထူးချွန်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဆယ်စုနှစ်တွေများစွာတိုင်အောင် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပန်ပန်ဟာ အနုပညာအလုပ်ဘက်တွင်သာမက မိသားစုကိုလည်း အမြဲတမ်း ပျော်ရွှင်ချမ်းမြေ့အောင် ဖန်တီးပေးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်ခင်ပွန်းကလည်း အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင်စောင့်ရှောက်မှုတွေကြောင့်လည်း ပန်ပန်တစ်ယောက် ပျော်ရွှင်ကြည်နူးနေရတာပါ။

Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account

ပန်ပန်ဟာ လတ်တလော Home Stay ကာလလေးမှာ အိမ်မှာ ချစ်ရတဲ့ မိသားစုဝင်များကို ဟင်းတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် ချက်ပြုတ်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတွေနဲ့ သားလေးရဲ့ ဗီဒီယိုလေးတွေကိုလည်း ပန်ပန်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အမြဲဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကတော့ မိသားစုနဲ့အတူ လှော်ကားဥယျာဉ်တွင် မျောက်ကလေးတွေကို အစာသွားကျွေးတဲ့ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account
Photo Crd- Okkar Kyaw’s Facebook Account

" ပန်ပန်တို့ဒီနေ့ လှော်ကားဥယျာဉ်ထဲမှာ မြောက်ကလေးတွေအစာအတွက် ဌက်ပျောသီးအဖီး ၁၀၀ သွားလှူရင်း.....

လှော်ကားဥယျာဉ်ကပိတ်ထားတာမို့ မျောက်စာ၊တရိစ္ဆာန်အစာအတွက် လှူချင်တယ်ဆို သူတို့လှူခွင့်ပေးရင်း၊ အလှူရှင်တွေပဲအထဲဝင်ခွင့်ပေးပါတယ်။

တရိစ္ဆန်များအားအစာကျွေးချင်သောသူများ သွားလှူဖို့တိုက်တွန်းပါတယ်ရှင်။

Okkar Kyaw,Anan Dar " ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Supan Htwar’s and Okkar Kyaw’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။