ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Royal Suite" လို့အမည်ရတဲ့ တော်ဝင် အခန်းကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ၊ ဒူဘိုင်းမြို့မှာ တည်ရှိတဲ့ ဘာ့ဂျ်အယ်လ် အာရပ် ဟိုတယ်ဟာ ၈၄၀၀ စတုရန်းပေ ကျယ်ဝန်းလျက်ရှိပြီး အထပ်နှစ်ထပ်ပါဝင်သော အခန်းကနေ အာရေဗျ ပင်လယ်တစ်ခုလုံးကို မြင်တွေ့ရတာပါ။

photo credit pngtree

ထိုအခန်းကို မာဘယ်လ်ကျောက် ဖြူများခင်းထားပြီး အိပ်ခန်းအတွင်းမှာ လည်ပတ်နေတဲ့ ကုတင်ကို ထည့်ထားတာပါ။ ညစာ စားတဲ့ နေရာကို သီးသန့်ပြုလုပ်ထားပြီး သီးသန့်သုံး ရုပ်ရှင်ရုံတစ်ရုံလည်းပါရှိပါတယ်။ အပေါ်ထပ်သို့တက်ရန် ဓာတ်လှေကား တစ်စီးကို တပ်ဆင်ထားတာပါ။ ကျောက်ဖြူသားများ ခင်းထားတဲ့ ရေချိုးခန်းမှာ "Hermes" ကုမ္ပဏီထုတ် ရေချိုးခန်း သုံး ပစ္စည်းများကို အပြည့်အ၀ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

photo credit pngtree

လာရောက်တည်းခိုးသူတွေအတွက် ရိုးစ်ရွိုက်စ် ကားတစ်စီးမောင်းနှင်ပေးမယ့် ယာဉ်မောင်း တစ်ဦး စီစဉ်ထားပြီး လိုရာဆန္ဒအားလုံးဖြည့်ဆည်းပေးရန် ဘဏ္ဍာစိုးတစ်ဦးက အသင့်စောင့်ဆိုင်းနေတာပါ။ မော်တော်ကားသာမက ရဟတ် ယာဉ် စီးနင်းလိုပါကလည်း မောင်းနှင်ပေးမယ့်သူက အသင့်ရှိနေတာပါ။ တော်ဝင် အခန်းမှာ လှေကားထစ်များကို ရွှေဖြင့်ပြုလုပ်ထားပြီး ကျားသစ်မွေးဖြင့် ပြုလုပ်ထားတဲ့ ကော်ဇောခင်းထား ကာ အမြိတ်များဖြင့် အနားကွပ်ထားတာပါ။ ရေအောက်မှာ ရေငုပ်သင်္ဘော စီးလိုတဲ့ ဧည့်သည်များအား ငါးမန်းကန်များရှိသော ရအောက် စားသောက်ဆိုင်သို့ ရေငုပ်သင်္ဘောဖြင့်ပို့ဆောင်ပေးပါတယ်။ တစ်ညတာ တည်းခိုခမှာ ဒေါ်လာ ၁၉၀၀၀ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။