တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပလျက်ရှိတဲ့ ယူ၂ဝကမ္ဘာကဖလားဗိုလ်လုပွဲစဉ်မှာ ဥရောပတိုက်ကအင်္ဂလန်နဲ့ တောင်အမေရိကတိုက်ကဗင်နီဆွဲလားနိုင်ငံတို့ရဲ့ ယူ၂ဝလက်ရွှေးစင်အသင်းများထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ 

အင်္ဂလန်နဲ့ ဗင်နီဆွဲလားတို့ရဲ့ ယူ၂ဝကမ္ဘာ့ဖလားပွဲစဉ်မှာ ဦးဆောင်ဂိုးကို ရရှိခဲ့တာက အင်္ဂလန်လက်ရွှေးစင်ယူ၂ဝလူငယ်အသင်းပဲဖြစ်ပြီး အဆိုပါဂိုးကို ပွဲချိန် ၃၅မှာ အဲဗာတန်အသင်းက လူငယ်တိုက်စစ်မှူး ကယ်လ်ဗတ်လီဝင်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဗင်နီဆွဲလား အသင်းအနေနဲ့ ချေပဂိုးရရှိနိုင်မယ့် အခွင့်အရေးဖြစ်တဲ့ ပင်နယ်တီကိုရရှိခဲ့ပြီး ဗင်နီဆွဲလားကစားသမား ပီနာရန်ဒါ ကကန်သွင်းခဲ့ပေမယ့် အင်္ဂလန်ဂိုးသမား ဖရက်ဒီဝုဒ်မန်းက ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာ အင်္ဂလန်လက်ရွှေးစင်ယူ၂ဝလူငယ်အသင်းက ဗင်နီဆွဲလားလက်ရွှေးစင်ယူ၂ဝလူငယ်အသင်းကို ၁ဂိုးဂိုးမရှိရလဒ်ဖြင့်အနိုင်ယူကာ ယူ၂ဝကမ္ဘာ့ဖလားကိုဗိုလ်ဆွဲခဲ့ပါတယ်။

Hein 

သတင်းအရင်းမြစ် Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။