အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်း၏ နာမည်ကျော်လူငယ်တိုက်စစ်မှူး ဟယ်ရီကိန်းက သူကအနေနဲ့ သူ့ရဲ့ခြေစွမ်းကို ကမ္ဘာ့ထိပ်တန်းအဆင့်သို့ရောက်ရှိအောင် ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တော့တီဟမ်စပါး တိုက်စစ်မှူး အသင်းဟယ်ရီကိန်းက သူ့အနေဖြင့် မက်ဆီနဲ့ရော်နယ်ဒိုသိမ်းပိုက်ထားတဲ့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုဖြစ်တဲ့ ဘောလွန်းဒီအောဆုကိုလည်း ရယူအောင် ကြိုးစားကစားသွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် တော့တီဟမ်စပါးအသင်း၏ နာမည်ကျော်လူငယ်တိုက်စစ်မှူးဟယ်ရီကိန်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီမှာ လိဂ်ဂိုး ၂၉ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုရယူထားရုံသာမက ရွှေဖိနပ်ဆုကို ၂နှစ်ဆက်တိုက် ဆွတ်ခူးထားသူဖြစ်ပါတယ်။

Hein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။