ဒီနေ ့မှာ ကျရောက်တဲ့ အဆိုတော် မိစန္ဒီရဲ ့မွေးနေ ့

ဒီနေ ့ဇွန်လ ၁၂ ရက်နေ ့ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ အဆိုတော် မိစန္ဒီရဲ ့မွေးနေ ့လေးပဲဖြစ်ပါတယ်။

မိစန္ဒီဟာ သူမရဲ ့မွေးနေ ့အစီအစဉ်တွေကို 7day daily မှာအခုလိုပဲ ပြောပြထားတာကို တွေ ့ရပါတယ်။

မွေးနေ ့အလှူအနေနဲ ့ တိရစ္ဆာန် စောင့်ရှောက်ရေး ဂေဟာကို သွားပြီး အလှူပြုလုပ်မှာဖြစ်ပြီး ညနေပိုင်းမှာ မိသားစုနဲ ့အတူ ဘုရားသွားမှာ ဖြစ်ပါတယ်။

ညပိုင်းမှာတော့ သူမ နှစ်သက်အားပေးတဲ့ CL ရဲ ့သီဆိုဖျော်ဖြေမှုကို သွားရောက်ကြည့်ရှု ့ဖြစ်မှာပါ။

လာမယ့် ဇွန်လ ၁၇ ရက်နေ ့စနေနေ ့မှာ လှည်းတန်း Center (Indoor Area) မှာ ညနေ ၃ နာရီမှ ၆ နာရီအထိ မိစန္ဒီရဲ ့တတိယမြောက် Album အသစ်ဖြစ်တဲ့

“အသဲလေး” Audio CD Promotion ပွဲလေးကို ကျင်းပမှာဖြစ်ပါတယ်။

အဲ့ဒီနေ ့မှာ မိစန္ဒီနဲ ့အနုပညာမောင်နှမတွေက ပျော်ပျော်ပါးပါးသီချင်းတွေ ဆိုကာ ဖျော်ဖြေမှာ ဖြစ်ပြီး ပရိသတ်တွေအတွက် အမှတ်တရ

လက်ဆောင်တွေနဲ ့တခြားပျော်စရာ အစီအစဉ်တွေ အများကြီး စီစဉ်ထားတာမို ့လာဖြစ်အောင်လာခဲ့ကြဖို ့ကို မိိစန္ဒီနဲ ့သူမရဲ ့ကိုယ်ပိုင်အကောင့်ကနေ

ပရိသတ်တွေကို ဖိတ်ကြားထားပါသေးတယ်။ မိစန္ဒီရဲ ့ချစ်ပရိသတ်ကြီးကလည်း ဒီနေ ့ရဲ ့မွေးနေ ့ရှင်လေးအတွက် ဆုတောင်းစကားလေးတွေ

ပြောသွားပါဦးနော်… 

သတင်းအရင်းမြစ် 7daydaily and mi sandi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။