နန်းမြတ်ဖြိုးသင်း ဒီနေ ့မှာ အရမ်းတွေ ့ချင်တဲ့သူ

ပရိသတ်တွေ ချစ်ကြတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းဟာ " နေခြည်မှာ ရွှေရည်လောင်း" ရုပ်ရှင်ဇာတ်ကားရိုုက်ကူးရေးအတွက် ပုပ္ပါးကို ရောက်ရှိနေပါတယ်။

ဒီဇာတ်ကားထဲမှာ နန်းမြတ်က ဆရာမလေး ဒေါ်ခင်ဌေး နေရာကနေ ပါဝင်သရုပ်ဆောင်နေတာပါ။

ဒီလိုမျိုး ရို်က်ကူးရေးအတွက် ပုပ္ပါးကို ရောက်နေတာကြောင့် နန်းမြတ်ဟာ သူမအရမ်းနှစ်သက်အားပေးတဲ့ အဆိုတော်တစ်ယောက် မြန်မာနိုင်ငံကို လာရောက်သီဆိုဖျော်ဖြေစဉ်မှာ သွားရောက်ပြီး အားမပေးဖြစ်တော့ပါဘူး။

ဒါကြောင့် စိတ်မကောင်းဖြစ်နေတဲ့ နန်းမြတ်က လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်ခဲ့ပါတယ်။

“ချစ်လိုက်တာ CL ရယ်

အရမ်းတွေ ့ချင်ပေမယ့် အခွင့်မသာဘူး

ဘဝကြီးကို မုန်းလိုက်တာအရမ်းပဲ

Be happy in our golden land

Love you mwah mwahh” လို ့နန်းမြတ်က ရေးသားခဲ့တာဖြစ်ပါတယ်။

နန်းမြတ်အရမ်းချစ်တဲ့ CL ဟာ ဒီနေ ့ည သုဝဏဘူမိမှာ ကျင်းပမယ့်ပွဲမှာ မြန်မာပြည်ကချစ်ပရိသတ်များအတွက် သီဆိုဖျော်ဖြေပေးသွားမှာဖြစ်ပါတယ်။

CL ဟာ တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး တေးရေး၊ တေးဆို နဲ ့ရပ်ပ်ပါ တစ်ဦးဖြစ်ပြီး ပရိသတ်များစွာက နှစ်သက်သဘောကျအားပေးရတဲ့

အဆိုတော်တစ်ဦးလည်းဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Nan Myat Phyo Thin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။