ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက လည်ပတ်ချင်စရာကောင်းတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုရာစန်ခေါ် ကိုရာတောင်ဟာ ဂျပန်နိုင်ငံရဲ့ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ Shingon Buddhismမှာ အရေး အကြီးဆုံးသော နေရာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ရှင်ဂန် ဗုဒ္ဓဘာသာကို ခရစ်နှစ် ၈၀၅ က စတင် ကိုးကွယ်ခဲ့ကြကာ Kobo Daishi က ထိုဘာသာကို ဂျပန်လူမျိုးများထံ မိတ်ဆက်ပေးခဲ့ပါတယ်။

photo credit pngtree

ကိုရာတောင်မှာ ထိုဘာသာရေးဂိုဏ်းရဲ့ ဌာနချုပ်များရှိခဲ့ကာ ဘုရား ရှိခိုးကျောင်းအနီး ဝန်းကျင်မှာ မြို့ငယ်လေးတစ်ခု ပေါ်ထွန်းကြီးထွားလာခဲ့ပါတယ်။ ကိုရာတောင်မှာ Shingon Buddhism ကို ထူထောင်ခဲ့ပြီး Kobo Daishi ရဲ့ ဂူဗိမာန်ရှိတာ ဖြစ်ပါတယ်။ ထိုနေရာမှာ တောအုပ် တစ်ခု သဖွယ်တည်ရှိနေကာ Shikoku 88 ဘုရားဖူးများရဲ့ ခရီးအစနှင့် ခရီးအဆုံးနေရာဖြစ်ပါတယ်။ ထိုနေရာသို့လာရောက်ကြတဲ့ ခရီးသွားများအား ဘုရားကျောင်းမှာ တစ်ညတာ နေထိုင်ခွင့်ပေးကာ ထိုနေရာမှ ရဟန်းတစ်ပါးရဲ့ ဘဝအရသာကို ရရှိစေမှာ ဖြစ်ပါတယ်။

photo credit pngtree

အိုကီနာဝါကျွန်းရဲ့ အနောက်ပိုင်းမှာ တည်ရှိတဲ့ Iahgaki ဟာ ဂျပန်နိုင်ငံရဲ့ ပထမတန်း ကမ်းခြေတစ်ခုဖြစ်ပြီး Yaeyama ကျွန်းစုရှိ အခြားကျွန်းများကို ရှာဖွေနိုင်တဲ့ ကောင်းမွန်သော အခြေစိုက်နေရာတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးသော ကမ်းခြေများနှင့်အတူ စိတ်ချမ်းမြေ့ဖွယ်ကောင်းတဲ့ Iahgaki ဟာ Fusaki နှင့် Maezato ကမ်းခြေတို့ကို ကွန်ရက်တစ်ခုအဖြစ် အကာအကွယ်ပြုခဲ့တာပါ။ တိုကျိုမြို့မှ တောင်ဘက်သို့ မိုင်၁၂၅၀ ကွာဝေးတဲ့ Iahgaki ဟာ ဂျပန်နိုင်ငံရှိ အခြားသော လည်ပတ်စရာနေရာများ ကဲ့သို့ စေတီများ၊ ဘုရားကျောင်းများမရှိသော်လည်း လာရောက်လည်ပတ်ကြသူများဟာ နေ့ပိုင်းမှာ ကမ်းခြေရှိ ခရု ကောက်ခြင်း၊ ပင်လယ်ပြင်မှာ ကစားပျော်မြူးခြင်း၊ Nosoko တောင်တက်ခြင်းတို့ကို ပြုလုပ်ပြီး ညပိုင်းမှာ ရွှင်မြူးတက်ကြွဖွယ် ပွဲလန်းသဘင်များကို ခံစားနိုင်ကြပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree
photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။