ကိုယ်ဝန် ရင့်မာနေပြီဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် မိုးယုစံ ကတော့ သြဂုတ်လမှာ သားဦးရတနာလေးမွေးဖွားတော့မှာလို့ သိရပါတယ်

အိမ်ထောင်ကျပြီး အနုပညာအလုပ်တွေနားထားတဲ့ မိုးယုစံ တစ်ယောက် ဇွန်လ(၁၁)ရက်နေ့ကလခင်ပွန်းဖြစ်သူနဲ့အတူ My Dream showroom ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်

နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်လှတဲ့ မိုးယုစံတို့ဇနီးမောင်နှံ ဟာ မိုးပြာရောင် ဝတ်စုံလေးစင်တူဝတ်ကာပွဲတက်ခဲ့ကြတာပါ

ဒါ့အပြင် ပထမဆုံးကိုယ်ဝန်အနေနဲ့ သားဦးရတနာလေးလို့ ခန့်မှန်းထားပေမယ့်လည်း သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် လိုချင်ပါတယ်လို့လည်း ပေါ်ပြူလာအင်တာဗျူးမှာ ဖြေကြားသွားပါတယ် 

သတင်းအရင်းမြစ် moe yu sanfb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။