ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ "Boston Lighthouse" ဘော်စတွန် မီးပြတိုက်အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ မူလ ဘော်စတွန်မီးပြတိုက်ကို ၁၇၁၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမြင်နေကြရတဲ့ မီးပြတိုက်ကိုတော့ ၁၇၈၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ယနေ့ထိတိုင် အသုံးပြုနေတဲ့ ဘော်စတွန် မီးပြတိုက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးမီးပြတိုက်ဖြစ်ကာ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်ရှိ Little Brewster ကျွန်းပေါ်မှာတည်ရှိပြီး ၈၉ ပေမြင့်တာပါ။ ဘော်စတွန်မီးပြတိုက်ကို ၁၇၁၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ ပထမဆုံး မီးထွန်းညှိခဲ့တာပါ။

photo credit pngtree

ဘော်စတွန်မီးပြတိုက်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဘော်စတွန်ဆိပ်ကမ်းသို့ ဝင်ထွက်တဲ့ သင်္ဘောများထံမှ တင်ဆောင်လာသော ကုန်စည်များအပေါ် တစ်တန်လျှင် တစ်ပဲနိ နှုန်းဖြင့် အခွန်အခကောက်ခံခဲ့တာပါ။ အမေရိကန် တော်လှန်ရေး မစတင်မီ ၁၇၇၄ ခုနှစ်မှာ ထိုကျွန်းကို ဗြိတိသျှတို့က ထိန်းချုပ်ထားခဲ့ကာ တစ်နှစ်ပတ်လုံး ဆိပ်ကမ်းကို ပိတ်ထား ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်းမှာ အမေရိကန်တပ်များဟာ ဗြိတိသျှများ အသုံးမပြုနိုင်ရန်နှင့် သင်္ဘောများ သွားလာခြင်းမပြုနိုင်ရန် မူလ မီးပြတိုက်ကို ဖျက်ဆီးခဲ့ကြပါတယ်။

photo credit pngtree

၁၇၈၃ ခုနှစ်တွင် မက်ဆာ ချူးဆက် ဥပဒေပြုအဖွဲ့ဟာ မီးပြတိုက်ပြန်လည်ဆောက်လုပ်ရန် ငွေကြေးထောက်ပံ့ခဲ့သဖြင့် ယနေ့ထိတိုင်မြင် တွေ့နေကြရတာပါ။ ယခုအခါမှာ ဘော်စတွန်မီးပြတိုက်ကို အမေရိကန် ကမ်ခြေစောင့်တပ်ဖွဲ့က တာဝန်ယူထားကာ ၁၉၉၈ ခုနှစ်မှာ အလိုအလျောက် မီးပြစနစ်ကို တပ်ဆင်ခဲ့ပါတယ်။ ဘော်စတွန်မီးပြတိုက်ဟာ ၁၉၆၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားသမိုင်းဝင် အထိမ်းအမှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။