အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်းနဲ့ စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်းတို့က အီလီစီးရီအေကလပ် အေစီမီလန်မှာ နာမည်ကျော်လူငယ်ဂိုးသမားလေး ဒွန်နာရမ်မာကိုခေါ်ယူဖို့ကြိုးစားနေကြပါတယ်။ 

သို့ပေမယ့် အီလီစီးရီအေကလပ် အေစီမီလန်ရဲ့ အီတလီလက်ရွှေးစင်ဂိုးသမားလေး အသက်၁၈နှစ်အရွယ် ဒွန်နာရမ်မာကတော့ အေစီမီလန်အသင်းမှာပဲ ဆက်ရှိနေဖို့ရှိနေပြီး စာချုပ်သက်တမ်းတိုးဖို့ရှိနေတယ်လို့ သိရပါတယ်။ 

အေစီမီလန်ရဲ့ အီတလီလက်ရွှေးစင်ဂိုးသမားလေး ဒွန်နာရမ်မာကို ပြင်သစ်လီဂူးကလပ် PSG အသင်းကလဲ ပေါင်၃၅သန်းဖြင့်ကမ်းလှမ်းခဲ့ဖူးပေမယ့် အေစီမီလန်အသင်းကတော့ ပယ်ချခဲ့ကာ ကစားသမားကိုယ်တိုင်ကလဲ အေစီမီလန်မှာပဲ ဆက်ကစားလိုနေတာဖြစ်ပါတယ်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။