ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အီရန်နိုင်ငံက ကျောက်မျက်ရတနာ ပြတိုက်ကြီးအကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသားဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ပြည်တွင်းပြည်ပ အားကစားသတင်း (E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အီရန်နိုင်ငံ၊ တီဟီရန်မြို့မှ ကျောက်မျက်ပြတိုက်ဟာ အီရန်နိုင်ငံ ဗဟိုဘဏ်အတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ ထိုပြတိုက်ဟာ အစိုးရပိုင် ကျောက်မျက်ရတနာများကို ခင်းကျင်းပြသတဲ့ ပြတိုက်များအနက် အကြီးဆုံးဖြစ်ပါတယ်။ ပြတိုက်ရှိ ကျောက်မျက်ရတနာ များဟာ အီရန် ဘုရင်များက ၁၆ ရာစုမှစတင်ပြီး စုဆောင်းခဲ့တဲ့ ပစ္စည်းများဖြစ်ကြပါတယ်။ ၁၉၃၇ ခုနှစ်မှာ အစိုးရက ပိုင်ဆိုင်ခဲ့ပါတယ်။

photo credit pngtree

အံ့သြဖွယ်ကောင်းလောက်အောင် စုဆောင်းထားနိုင်ခဲ့တဲ့ ရတနာများမှာ သရဖူများ၊ ဦးဆောက်ပန်းများ၊ ပလ္လင် များပါရှိကာ အားလုံးဟာ အထူးဂရုစိုက်ပြုလုပ်ထားတာပါ။ ထို့ကြောင့် လက်ရာ ပြောင်မြောက်စွာပြုလုပ်ထားတဲ့ ပစ္စည်းများ၊ ရတနာများစီခြယ်ထားတဲ့ ဓားများ၊ ဒိုင်းများနှင့် ကျောက်များစီခြယ်ထားတဲ့ အဖိုးတန်သတ္ထုပန်းကန်များ ဖြစ်ကြပါတယ်။ ပြတိုက်မှာ ပြသထားတဲ့ ကျောက်များ၊ တစ်မူထူးခြားသော များစွာသော ပစ္စည်းများဟာ မယုံနိုင်လောက်အောင် အဖိုးထိုက်တန်တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။