ယမန်နှစ်ဘောလုံးရာသီမှာ ပြင်သစ်လီဂူးကလပ် မိုနာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားကာ မိုနာအသင်းနဲ့အတူ ပြင်သစ်လီဂူးအမှတ်ပေးဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီကို လီဗာပူးအသင်းကပါ ခေါ်ယူရန်ပြင်ဆင်လာပါပြီ။

အသက် ၁၈နှစ်သာ ရှိသေးတဲ့ ပြင်သစ်သားလေး အမ်ဘတ်ပီကို အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်း၏နည်းပြ ယာဂန်ကလော့က မျက်စိကျနေပြီး ပေါင်သန်း၁ဝဝကျော်ဖြင့်ကမ်းလှမ်းသွားဖို့ရှိနေခြင်းဖြစ်သည်။ 

ပြင်သစ်လီဂူးကလပ် မိုနာအသင်းရဲ့ လူငယ်တိုက်စစ်မှူး အမ်ဘတ်ပီကို လီဗာပူးသာမက မန်ချက်စတာယူနိုင်တက်၊ မန်ချက်စတာစီးတီး၊ အာဆင်နယ်နဲ့ ရီးရဲမက်ဓရစ်အသင်းတို့ကပါ အပြိုင်စိတ်ဝင်စားနေပြီး တန်ကြေးမှာ အနည်းဆုံး ပေါင်သန်း၁ဝဝခန့်ရှိနေသည်။

Hein

သတင်းအရင်းမြစ် Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။