ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်က "Myles Standish Burial Ground" သင်္ချိုင်း အုတ်ဂူအကြောင်းကို တင်ဆက်ပေးသွားမှာပါ။ ၁၆၃၈ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Myles Standish သင်္ချိုင်းမှာ အုတ်ဂူ အမှတ်အသား ၁၃၀ ဝန်းကျင်ကို တွေ့ရှိခဲ့ပါတယ်။ အမေရိကန် သင်္ချိုင်းအဖွဲ့ရဲ့ အဆိုအရ Myles Standish ဟာ အမေရိကန်နိုင်ငံမှာ ယခုတိုင် ထိန်းသိမ်းထားတဲ့ သက်တမ်းအရှည်ဆုံးသင်္ချိုင်းဖြစ်ပါတယ်။ ထိုသင်္ချိုင်းကို ၁၆၃၈ ခုနှစ်မှ ၁၇၈၉ ခုနှစ်အထိ အသုံးပြုခဲ့ပါတယ်။

photo credit pngtree

သင်္ချိုင်းမှာရှိတဲ့ အုတ်ဂူအမှတ်အသား ၁၃၀ မှာ Mayflower သို့ လာခဲ့တဲ့ Captain Myles Standish အပါအဝင်ဖြစ်ပါတယ်။ Captain Mylesဟာ သင်္ချိုင်းနဲ့ အမည်တူနေခဲ့ပြီး အစောပိုင်းသင်္ချိုင်းဂူ အများစုကို ကျောက်တုံးများ သို့မဟုတ် သစ်သားများဖြင့် အမှတ်အသားပြုခဲ့သဖြင့် ပျက်စီးပျောက်ကွယ်ခဲ့ပါတယ်။

photo credit pngtree

လက်ရှိ ဂူများအနက် ၁၆၉၇ ခုနှစ်တွင်သေဆုံးခဲ့တဲ့ Captain Jonathan Aldenရဲ့ ဂူဟာ အစောဆုံးဖြစ်ပါတယ်။ ၁၇၈၉ ခုနှစ်မှာ Myles Standish ကို အသုံးမပြုဘဲ စွန့်ပစ်ခဲ့ကြပြီး ၁၈၈၇ ခုနှစ်မှာ ကျေးလက်အသင်းက ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။ သူတို့ဟာ Myles Standish ရှိ အမှတ်အသားများမရှိတော့တဲ့ အုတ်ဂူများကို ရှာဖွေခဲ့ကြရာမှ တစ်ဖြည်းဖြည်းတွေ့ရှိခဲ့ပြီးနောက် အမှတ်တရ ဗိမာန်တစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်မှာ Myles Standish ကို အမေရိကန်နိုင်ငံ အမျိုးသား သမိုင်းဝင်နေရာများအနက် တစ်ခုအဖြစ် ထည့်သွင်း မှတ်ပုံတင်ခဲ့ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။