အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး အသင်း၏ ဂိုးသမားဖြစ်သူ ဂျိုးဟတ်က သူ့အနေနဲ့ လက်စွမ်းတွေကျဆင်းလာတာကြောင့် သူ့ရဲ လက်ရွှေးစင်နံပါတ်တစ်ဂိုးသမားနေရာရဖို့ မသေချာတော့ဘူးလို့ စကော့တလန်နဲ့ တစ်ဘက် ၂ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ တည်ကန်ဘော၂လုံးကိုဂိုးပေးလိုက်ရပြီးတဲ့နောက် သူ့အနေနဲ့ မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။

နာမည်ကျော်နည်းပြ ဂွာဒီယိုလာတစ်ယောက် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီး ကိုရောက်လာချိန်က ဂျိုးဟတ်အနေနဲ့ ကလပ်အသင်း၏ ပထမဂိုးသမားကနေ ဖယ်ပေးခံရမျှသာမက စီးရီးအေကလပ် တိုရီနိုအသင်းသို့ပါ အငှားချခြင်းကိုခံခဲ့ရပါတယ်။

ဂွာဒီယိုလာအနေနဲ့ ဂျိူးဟတ်နေရာမှာ အစားထိုးဖို့ နာမည်ကျော်ဂိုးသမား ဘရာဗိုကို ဘာစီလိုနာကနေ မန်ချက်စတာစီးတီးအသင်းသို့ ခေါ်ယူခဲ့သော်လည်း ဘရာဗိုမှာလက်စွမ်းမပြနိုူင်ခဲ့သောကြောင့် ယခုအပြောင်ဒအရွှေ့တွင် ဘင်ဖီကာဂိုးသမား အီဒါဆင်ကို ထပ်မံခေါ်ယူခဲ့ရာ ဂျိုးဟတ်အနေနဲ့ မန်ချက်စတာစီးတီးအသင်းတွင်လည်း နေရာမရဖွယ်ရှိနေပြီး အင်္ဂလန်လက်ရွှေးစင်ဘဝကိုပါ ထိခိုက်စေလာနိုင်ခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။