စစ်သွေးကြွတွေက အကျဉ်းထောင်တစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လူ(၁၀)ဦးကျော် သေဆုံးပြီး အကျဉ်းသား(၉၀၀)ကျော် လွှတ်မြောက်သွားတယ်ကြောင်း BBC သတင်းမှာဖော်ပြထားပါတယ်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်ရေးဖြစ်စဉ်က ကွန်ဂိုနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်သွေးကြွတွေက ဘီနီမြို့ရှိ အကျဉ်းထောင်ကို ဝင်ရောက်စီးနင်းတို်က်ခိုက်ရာမှာ လက်နက်ကြီးတွေကို အသုံးပြုခဲ့ကြောင်း မြောက်ပိုင်းကိဗ်ပြည်နယ် အုပ်ချုပ်ရေးမှူးကဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းအကျဉ်းထောင်စောင့် (၈)ဦး သေဆုံးသွားခဲ့သလို စစ်မိန့် ထုတ်ပြန်ထားတယ်လို့ အကျဉ်းထောင် တိုက်ခိုက်မှုကို ဘယ်အကြမ်းဖက်အဖွဲ့အစည်းကမှ ဝန်ခံထားခြင်းမရှိပါဘူး။ လက်တလောကာလအတွင်း အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ကွန်ဂိုနိုင်ငံအတွင် ဖြစ်ပေါ်နေသလို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရာထူးသက်တမ်းကုန်ဆုံးသွားတဲ့ သမ္မတ ဂျိုးဆက်ပ် ကာဘီလာက ရာထူးကနေဆင်းပေးဖို့ ငြင်းဆိုချိန်ကစတင်ပြီးအခုလို ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

Aung

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။