ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ထင်ရှားကျော်ကြားပြီး နာမည်ကျော်လူသိများတဲ့ ပန်းချီကားတွေနဲ့ ပတ်သက်ပြီး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ပန်းချီကားပေါင်း များစွာ ရှိတဲ့အထဲကမှ "Starry Night" ကြယ်ရောင်စုံသော ည ပန်းချီကား အကြောင်းကို ရွေးချယ် ဖော်ပြပေးသွားမှာပါ။ လတ်တလော အနုပညာရှင်လှုပ်ရှားမှု သတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။

photo credit pngtree

ကြယ်ရောင်စုံသောည ပန်းချီကားကို ဒတ်ချ်လူမျိုး ပန်းချီပညာရှင် ဗင်းဆင့် ဗင်ဂိုးရေးဆွဲခဲ့တာပါ။ ဗင်ဂိုးဟာ သူ့ရဲ့ ဘ၀ တစ်လျောက်မှာ ပန်းချီကား တစ်ကားသာ ရောင်းချခဲ့သော်လည်း သူရေးဆွဲခဲ့သော ပန်းချီကားများဟာ အမြောက်အများရှိခဲ့ပါတယ်။ အဲ့ဒီ ပန်းချီကားတွေထဲကမှ ကြယ်ရောင်စုံသော ညဟာ ဗင်ဂိုးရဲ့ အကျော်ကြားဆုံးပန်းချီကား တစ်ချပ်ဖြစ်ကာ ခေတ်ပေါ် ယဉ်ကျေး မှု နယ်ပယ်တွင် လူသိအများဆုံး ပန်းချီကားတစ်ချပ်ဖြစ်လာခဲ့ပါတယ်။

photo credit pngtree

ပန်းချီကားဟာ ချာလပတ်လည်နေတဲ့ ကောင်းကင်အောက်မှ Saint-Rémy ကျေးရွာရဲ့ပုံကို မြောက်ဘက်သို့ ဦးတည်ထားသော စိတ္တဇဆေးရုံ သို့မဟုတ် ခိုလှုံရာနေရာတစ်ခုမှ မြင်ရတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ပန်းချီကားရဲ့ ဝဲဘက်မှာ အမြဲ စိမ်းကျောက်ပန်းပင် (cypress) ကို ထည့်သွင်း ရေးဆွဲထားတာပါ။ နယူးယောက်မြို့ရှိ ခေတ်ပေါ်ပန်းချီပြ တိုက်က ၁၉၄၁ ခုနှစ် ကတည်းက ဗင်ဂိုးရဲ့ ထိုပန်းချီကားကို ထာဝရ သိမ်းဆည်း ပြသခဲ့တာပါ။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။