ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ထူးခြားဆန်းပြားသော အစိုးရ ဌာနတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Office Of Planetary Protection" ဂြိုလ်ကာကွယ်ရေး ဌာန အကြောင်းကို ဗဟုသုတ ဖြစ်ဖွယ် မှတ်သားသိရှိရအောင် ရေးသား ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု၊ ဗဟုသုတ သတင်းစုံလင်ကို တင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပေးဖို့ မမေ့ပါနဲ့ဦးနော်။

photo credit pngtree

အမေရိကန်ပြည်ထောင်စု၊ အာကာသ စူးစမ်းလေ့လာရေးအဖွဲ့ NASAရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဂြိုလ်ကာကွယ်ရေးရုံးဟာ ကမ္ဘာမြေကို ထိခိုက်စေမယ့် အာကာသမှ ဝတ္ထု ပစ္စည်းများကို တားဆီး ကာကွယ်ရန်နှင့် အာကာသကို အနှောင့် အယှက်ဖြစ်စေမယ့် ပစ္စည်းများ ကမ္ဘာမြေမှ ထွက်မသွားစေရေးအတွက် တားဆီးရေး တာဝန်ကို ယူထာားတာပါ။ ထိုရုံးမှ အရာရှိ များဟာ ပိုးသတ်ထားသော အာကသယာဉ်များ ဖန်တီးရာမှာ ကူညီမှုရရန်နှင့် အာကာသ ခရီးလမ်းကြောင်းများ ရေးဆွဲပေးရန် တာဝန်ယူကြတာပါ။

photo credit pngtree

အာကာသ စီမံကိန်းများဆောင်ရွက်တဲ့ နိုင်ငံများမှာ ဂြိုလ်ကာကွယ်ရေးရုံးများကို ဖွင့်ထားလေ့ရှိသော်လည်း ရုံးဝန်ထမ်းကို ယာယီသာ ခန့်ထားကြပြီး နာဆာအဖွဲ့နှင့် ဥရောပ အာကာသအေဂျင်စီများကသာ အမြဲတမ်းဝန်ထမ်းများကို ခန့်ထားတာပါ။ နာဆာဟာ အာကာသဆိုင်ရာ ကာကွယ်ရေး အရာရှိ တစ်ဦးကို ၁၉၆၇ ခုနှစ်မှ စတင်ပြီး ခန့်ထားခဲ့ရာ ထိုအရာရှိအား နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈၇၀၀၀ ပေးအပ်ရတာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။