ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ အကြီးဆုံး သင်္ဘောတစ်စင်းဖြစ်တဲ့ "Prelude FLNG"အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ထိုသင်္ဘောကြီးဟာ အမေရိကန်နိုင်ငံ၊ အင်ပါရာစတိတ် အဆောက်အအုံ အမြင့်ထက်ပိုတာဖြစ်ပါတယ်။ လတ်တလော အနုပညာရှင် လှုပ်ရှားမှုသတင်း၊ ပြည်တွင်းပြည်ပ အားကစားသတင်း(E-sports အပါအဝင်)၊ ဗဟုသုတ သတင်းစုံလင်ကိုတင်ဆက်ပေးနေတဲ့ Myanmarload page ကို like and follow လုပ်ထားပါဦးနော်။

photo credit pngtree

တောင်ကိုရီးယားနိုင်ငံ၊ ဆမ်ဆောင်းကုမ္ပဏီ၊ Geoje သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တဲ့ Prelude FLNG ဟာ သဘာဝဓာတ်ငွေ့ရည် တင်ဆောင်နိုင်သော ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ဆိပ်ခံ သင်္ဘောကြီးဖြစ်ကာ အလျား ၄၈၈ မီတာ (၁၆၀၁ ပေ)၊ အနံ ၇၄ မီတာ(၂၄၃ ပေ)၊ ရေစူး ၁၀၅ မီတာ(၃၄၄ ပေ)ရှိတာ ဖြစ်ပါတယ်။ Prelude FLNG ကို တည်ဆောက်ရာမှာ သံမဏိ တန်ချိန်၂၆၀ ၀၀၀ အသုံးပြုခဲ့တာဖြစ်ပြီး၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ရေချခဲ့တာပါ။

photo credit pngtree

ကုန်ကျစရိတ် တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၈ ဘီလျံ နှင့် ၁၂ ဒသမ ၆ ဘီလျံအကြား ကုန်ကျခဲ့ကြောင်း ခန့်မှန်းထားပါတယ်။ ထိုအခြေစိုက်သင်္ဘောကြီးကို သက်တမ်း၂၅ နှစ် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းကာ သြစတြေးလျနိုင်ငံ ကမ်းခြေမှ မိုင် ၁၂၀ အကွာ ကမ်းလွန်ဒေသတွင် သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ထိုသင်္ဘောမှာ ပင်လယ်ပြင်အောက်မှ ထုတ်ယူတဲ့ သဘာဝဓာတ်ငွေ့များကို အပူချိန် အနှုတ် ၂၆၀ ဒီဂရီ ဖာရင်ဟိုက်တွင် အရည်အဖြစ်သို့ ပြောင်းလဲစေပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။