တလောက ကိုရီးယားနိုင်ငံသို့ သွားရောက်ပြီး လည်ပင်းအဆီထုတ်ခြင်းနဲ့ နှာခေါင်းခွဲစိတ်ခြင်းတွေကို ပြုလုပ်ခဲ့တဲ့ ဆုပန်ထွာတစ်ယောက် မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး ပွဲတွေတက်နေတာတွေ့ရပေမဲ့ ခွဲစိတ်ဒဏ်ရာတွေကတော့ အသားမကျသေးပါဘူးတဲ့ ပရိသတ်ကြီးရေ။ သူမရဲ့ ခွဲစိတ်မှုနဲ့ ပတ်သတ်ပြီး Popular သတင်းဌာနကို သူမက ယခုလိုပဲ ဖြေဆိုပေးထားတာတွေ့ရပါတယ်။

“ပါးတွေလည်း ယောင်ကိုင်းနေ သေးတယ်။ နှာခေါင်း ဆိုလည်းယောင် ပြီးကြီးနေသေးတယ်။ ပုံမှန်မဟုတ် သေးဘူး။ သိပ်ပြီး ထိလို့လည်း မရ သေးဘူး။ အရောင်ကျပြီ ဆိုမှအဆင် ပြေမှာ။ အခုတော့ ယောင်ကိုင်းနေ တာ ပေါ့နော်။ ယောင် တာပဲရှိတယ် မနာတော့ ဘူး။ ဆေး လည်းသောက် စရာ မလိုဘူးပြော လို့ အခုဆေးလည်း မသောက်ရဘူး။ ခွဲစိတ်ပြီး တစ်ပတ် အကြာမှာ ချုပ်ရိုးဖြေတုန်း ကတော့ ဆေးသောက် ရတယ်။ အခု မြန်မာ ပြည်ပြန်လာတော့ ဒီလို နာနေတာကို ကြောက်တာပေါ့နော်။ အဲဒီတော့ အစ်မက ဆေးပေး ပါဆိုတော့ ဆေး သောက်စရာမလိုဘူး ဆိုလို့ ဆေး မပေးလိုက်ဘူး။ လည်ပင်း အဆီတွေ များလို့ထုတ်လိုက်တယ်။ အဲ့ဒီမှာ တော့ Neck Lift လို့ခေါ်တယ်။လည်ပင်း အဆီထုတ်တုန်းက အသား တွဲကျနေတာကို တင်းသွား အောင် နားရွက်ရှေ့ ကနေ နောက်နား လေး ထိချုပ်ထားတဲ့ ချုပ်ရိုး လေးရှိ တယ်။ ချုပ်ရိုးကတော့ ဖြေပြီး သွား ပြီ။ မနေ့ကဆိုရင် အနာဖေးလေး တွေ တောင် ကွာသွားပြီ။ အားလုံး တော့ အဆင်ပြေပါတယ်။ နောက် ထပ်ပြန် ပြစရာလည်း မလိုဘူး” လို့ သူမက ဆိုပါတယ်။

အခုခွဲစိတ်ထားတဲ့ ဒဏ်တွေကိုတော့ ဆေးရုံထပ်ပြစရာမလိုတော့ပေမဲ့ နောက်ခြောက်လလောက်နေရင်တော့ ဗိုက်အဆီထုတ်ဖို့ ကိုးရီးယားကို ထပ်သွားဦးမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖေဖေ ဥက္ကာကျော်ရဲ့ လူမှုကွန်ယက်သတင်းများအရ မေမေဆုပန်ထွာတစ်ယောက် သားသား Roar လေးကိုထိန်းရင်း ပျော်နေပါတယ်တဲ့ ပရိသတ်ကြီးရေ.....

Source: Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။