ပရိသတ်ကြီးရေ ဒီတစ်ခါမှာတော့ ဝင်ရိုးစွန်းဒေသမှာ စူးစမ်းရှာဖွေခဲ့သူများတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ "Roald Admunsen" အကြောင်းကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ သူဟာ တောင်ဝင်ရိုးစွန်းနှင့် မြောက်ဝင်ရိုးစွန်း နှစ်နေရာလုံးကို ရောက်ရှိခဲ့တဲ့ ပထမဆုံးလူသားဖြစ်ပါတယ်။ Admunsenဟာ ခွေးများဆွဲထားတဲ့ စွပ်ဖားလှည်းများကို အသုံးပြုခဲ့ကာ သူ့ရဲ့ စွမ်းအားအရင်းအမြစ်များကို ဂရုတစိုက်သုံးစွဲခဲ့သဖြင့် သူ့ရဲ့ ခရီးစဉ်ဟာ ချောမွေ့အဆင်ပြေခဲ့ပါတယ်။

photo credit pngtree

Roald Admunsen နှင့် အဖွဲ့ဟာ ၁၉၁၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ တောင်ဝင်ရိုးစွန်းတွင် သူတို့ရဲ့ အလံကို စိုက်ထူနိုင်ခဲ့ပါတယ်။ သူတို့ဟာ ဘယ်သူမှ မရောက်ရှိသေးတဲ့ နေရာများသို့ မိုင်ပေါင်း ၁၀၀ ကျော်ခရီးနှင်ခဲ့ကြပြီး Polheim (ဝင်ရိုးစွန်း မြေ)လို့ အမည်ပေးကာအလံစိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ Admunsenဟာ သူ့ရဲ့ နောက်တွင် ထိုနေရာသို့ လာရောက်မယ့် Robert Falcon Scott အား သတ္တမမြောက် ဟာကွန် ဘုရင်ထံပေးပို့ရန် စာတစ်စောင်ရေးကာ သူတည်းခဲ့သော တဲအတွင်းမှာ ထားရှိခဲ့ပါတယ်။

photo credit pngtree

တဲအပြင်မှာတော့ Robert Falcon Scott တို့ ရောက်လာချိန်တွင် အသုံးပြုနိုင်ရန် စွပ်ဖားလှည်းကိုထားခဲ့ကြောင်း နှင့် ဘေးကင်းစွာအိမ်သို့ပြန်ရောက်ရန် ဆုတောင်းပါကြောင်း စာမှာ ရေးသားထားခဲ့တာပါ။ Admunsen ဟာ ဝင်ရိုးစွန်းဒေသများကို စူးစမ်းရှာဖွေခြင်းဖြင့် သူ့ရဲ့ ဘဝကို ကုန်ဆုံးစေခဲ့ကာ ဝက်ဝံကျွန်းအနီးမှာ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို အကူအညီပေးနေစဉ်အတွင်းမှာပဲ ကံမကောင်းစွာနဲ့ဘဲ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းဖော်ပြခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။